#LocalNews
Published_ 19 February 2023

 

လျှပ်စစ်သုံးယာဉ်များ Asia World ဆိပ်ကမ်းတွင် ထပ်မံရောက်ရှိနေကြောင်း လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက သိရသည်။

 

Asia World ဆိပ်ကမ်းတွင် ထပ်မံရောက်ရှိနေသော လျှပ်စစ်သုံးယာဉ်များမှာ အဆိုပါကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motor Co., Ltd. ကတင်သွင်းပြီး BYD အမှတ်တံဆိပ် လျှပ်စစ်သုံး ယာဉ် ၂၅ စီးဖြစ်ကြောင်း၊ယင်းကို လျှပ်စစ်သုံးယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ၊ သွင်းကုန်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာပါအချက်အလက်များ ကိုက်ညီမှန်ကန်မှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးလျက်ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ-၂၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ လျှပ်စစ်သုံးယာဉ် ၂၅ စီးထဲတွင် BYD Atto3 အမျိုးအစား ၁၅ စီးနှင့် BYD Dolphin အမျိုးအစား ၁၀ စီးဖြစ်ပြီး လူစီးယာဉ်အဖြစ်အသုံးပြုမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင်း City Taxi အဖြစ်ပြေးဆွဲမည့် BYD အမျိုးအစား လျှပ်စစ်သုံးယာဉ်များကိုလည်း မူရင်းကုမ္ပဏီတွင်မှာယူထားပြီး မတ်လအတွင်း၌ ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊လျှပ်စစ်သုံးယာဉ်များ အားသွင်းနိုင်ရန်အတွက် Essential Motor Co., Ltd.အနေဖြင့် ရန်ကုန်ဘူတာကြီးအနီးတွင် Level 3 အဆင့် Charger ငါးစုံ၊ Dual Gun အသုံးပြုနိုင်သည့် Charging Station တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group