#LocalNews
Published_ 19 February 2023

 

ပို့ကုန်ယာဉ်များ QR Code ပါဝင်သည့် ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်ကို Online က လျှောက်ထားခွင့်ပြုထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က သိရသည်။

 

ပို့ကုန်ပစ္စည်းများကို နယ်စပ်မှတင်ပို့ရာတွင် ကုန်ပစ္စည်းသယ်ဆောင်သည့်ယာဉ်များအတွက် QR Code ပါဝင်သည့် ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်ကို Online မှ လျှောက်ထားခွင့်ပြုနေစဉ်တွေ့ကြုံရသည့် အခြေအနေများ၊လုပ်ထုံးလုပ်နည်းဆိုင်ရာ ထုတ်ပြန်ချက်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရှင်းလင်းမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ တရားဝင်မှန်ကန်စွာဆောင်ရွက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပို့ကုန်တင်ပို့သည့်ယာဉ်များက ကုန်ပစ္စည်းများသယ်ဆောင်တင်ပို့ရာတွင် စနစ်တကျရှိစေရေးအတွက်လည်းကောင်း၊ ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်းများ လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်များကို Vehicle Monitoring System ဖြင့် Online မှ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

 

ymg/mt

#Yangon_Media_Group