#Local_News
Published-18 February 2023

ကျန်းမာရေးဝန်ကြီးဌာန ၊ အစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့်သည့် အစားအသောက် ၃၇ မျိုးကို ဖေဖော်ဝါရီလ ၁၈ ရက်တွင် အသိပေးထုတ်ပြန်လိုက်သည်။

 

ယင်းအစားအသောက်များမှာ ရွှေအုပ်မက်မန်းယို၊ ကောင်းဟိန်းဇီးယို၊ ဘုရင်မ မက်မန်းသီး(အနီ) ရုပ်ပုံပါ မန်ကျည်းဖလိတ်ပြား၊ 123 တံဆိပ်သရက်ယို၊ Hong Yuan တံဆိပ်ဇီးသီးယို၊ MK တံဆိပ်မက်၊မန်းသီး(အနီ)၊ ASA(Kisses You)တံဆိပ် Heart Jelly ၊ LANTERN တံဆိပ်(ပုလင်း)Bubble Gum ၊ Fruity တံဆိပ်(ပလတ်စတစ်ခွက်)အချိုရည် တို့ဖြစ်ကြောင်း အသိပေးစာတွင် ဖော်ပြထားသည်။

 

ထို့အပြင် မမော် တံဆိပ်ဇယန်းလက်ဖက်အစို၊ ABC(rainbow) တံဆိပ်(ပလတ်စတစ်ပုလင်း)စတော်ဘယ်ရီအရသာအချိုရည်၊ ခြင်္သေ့မင်း တံဆိပ်ငရုတ်ဆီ၊ Lucky Tiger တံဆိပ်ငရုတ်ဆီ၊ Sun Light တံဆိပ်(ပလတ်စတစ်ပုလင်း)ကိုလာအရသာအချိုရည်၊ ဇယန်းရွှေတောင် တံဆိပ်ပဲကြီးလှော် Thailand စာသားပါ(ပလတ်စတစ်ပုလင်း)ယိုးဒယားငါးပိရည်၊ Thailand စာသားပါ (ပလတ်စတစ်အိတ်)ကြက်ကြောလုံး၊ TP Food တံဆိပ်ကြက်ကြောလုံး၊ City Food Squid တံဆိပ် ရေဘဝဲချောင်း၊ Thailand စာသားပါ(ပလတ်စတစ်အိတ်)ပုဇွန်လုံး၊ Shenglong တံဆိပ်ပုဇွန်လုံး၊တရုတ်စာသားပါ(ပလတ်စတစ်အိတ်)ပုဇွန်လုံးနှင့် Thailandစာသားပါ(ပလတ်စတစ်အိတ်) စသည့် အစားအသောက်များလည်း ပါဝင်သည်။

 

အဆိုပါ အစားအသောက် များကို တာရှည်စားသောက်မိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်ပျက်စီးနိုင်ခြင်းနှင့်ကင်ဆာရောဂါဖြစ်ပွားစေနိုင်ကြောင်းလည်း အသိပေးထားသည်။

 

အစားအသောက်ထုတ်လုပ်၊ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့်လည်း အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများ၊ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစားအသောက်ထပ်ဖြည့်ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်တို့ကို လိုက်နာခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူခံရမည်ဟု အသိပေးထားသည်။

 

#ymg/mt
#Yangon _Media _Group