#Local_News
Published-16 February 2023

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော တစ်ဦးပိုင် YBS ယာဉ်များအနေဖြင့် အများပိုင်ကုမ္ပဏီ အောက်သို့ ပြောင်းလဲခြင်းမပြုပါက ယာဉ်လိုင်းပြေးဆွဲခွင့် ပိတ်သွားမည်ဖြစ်ကြောင်း YRTC က သိရသည်။

 

ယင်းကဲ့သို့ ပြောင်းလဲရန် လာမည့် မေလ ၃၁ ရက်ထိ သတ်မှတ်ပေးထားပြီး သတ်မှတ်ရက်အတွင်း အများပိုင်ကုမ္ပဏီကို ဝင်ရောက် ပြောင်းလဲခြင်းမရှိပါက YBS ယာဉ်လိုင်းပြေးဆွဲခွင့် ပိတ်သွားမည်ဖြစ် ကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်ရခြင်းမှာ ယာဉ်စည်းကမ်းလမ်းစည်းဖောက်ဖျက်မှုများနှင့် အခြားအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်းလည်း YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

 

"တစ်ဦးချင်းပိုင်ယာဉ်တွေက စည်းကမ်းမဲ့တဲ့နေရာမှာ အများဆုံးဖြစ်ပါတယ်။ ယာဉ်စီးခကောက်ခံတာ၊ ကျော်တက်တာ၊ ပြိုင်လုမောင်းတာတွေကအစ အဓိကစည်းကမ်းမဲ့တာဖြစ်တဲ့အတွက်ကြောင့် တစ်ဦးချင်းပိုင်ယာဉ်အားလုံး မေလ ၃၁ရက် မှာ အများပိုင် company ပိုင်ဖြစ်ဖို့ ဆောင်ရွက်သွားတာဖြစ်ပါတယ်"ဟု ယင်း ကပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ် စီးရေ ၃၄၀၀ ကျော်ဖြင့် နေ့စဉ် ခရီးသွားပြည်သူ ၁ ဒသမ ၄ သန်းခန့်ကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။

 

#mt/ymg
#Yangon Media Group