#Local_News
Published_ 14 February 2023

 

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့မဏိရတနာစံဖိတ်ဘုန်းတော်ကြီးကျောင်း၊ ယာယီကျောင်းဆောင်တွင် ဘုရားမီးပူဇော်ထားရာမှ မီးလောင်ကျွမ်းမှုဖြစ်ခဲ့သောကြောင့် အိပ်ပျော်နေသည့် ကိုရင်တစ်ပါး ပျံလွန်တော်မူသွားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၃ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က အဆိုပါ ကျောင်းဆောင်တွင် အောက်ခံခွက်မပါဘဲ ဘုရားမီးပူဇော်ထားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသပ်တပ်ဖွဲ့က သိရသည်။

 

"မီးလောင်ရတဲ့အကြောင်းရင်းက အောက်ခံခွက်မပါဘဲ မီးပူဇော်ထားရာကနေ ဘုရားကျောင်းဆောင်ကိုမီးစွဲပြီး အဲဒီကနေတစ်ဆင့် လောင်တာပါ။ ကိုရင်လေးတစ်ပါး ပျံလွန်တော်မူသွားတယ်။ အခြားထိခိုက်တဲ့သူတော့မရှိပါဘူး"ဟု ဒေသခံလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။

 

ပျံလွန်တော်မူသွားသည့် ကိုယ်ရင်လေး၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းဝင်များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင့်လည်း သိရသည်။

 

#ymg/mt
#Yangon Media Group