#Local_News
Published_ 13 February 2023

 

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် တစ်ဦးချင်းလျှောက်လွှာ များကို ဖေဖော်ဝါရီလ ၂၁ ရက်ကစ၍ အွန်လိုင်းမှ လက်ခံပေးသွား မည်ဖြစ် ကြောင်း စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်း အသင်း(MAJA) က အသိပေးထုတ်ပြန်ထားသည်။

 

၂၀၂၃ ခုနှစ် ဂျပန်ဘာသာပညာအရည်အချင်းစစ် စာမေးပွဲ(JLPT) ကို ဇူလိုင်လ ၂ ရက်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုလိုသူများအတွက် Online လျှောက်လွှာလက်ခံမည့် ကာလမှာ Level N1 ကို ဖေဖော်ဝါရီလ ၂၁ရက်မှ မတ်လ၃ရက်ထိလည်းကောင်း၊ Level N2 ကို ဖေဖော်ဝါရီလ ၂၁ရက်မှ မတ်လ၃ရက်အထိလည်းကောင်း၊ Level N3 ကို ဖေဖော်ဝါရီလ ၂၂ရက်မှ မတ်လ ၃ ရက်အထိ လည်းကောင်း၊ Level N4ကို ဖေဖော်ဝါရီလ ၂၃ရက်မှ မတ်လ ၃ ရက်အထိ လည်းကောင်း၊ Level N5 ကို ဖေဖော်ဝါရီလ ၂၄ရက်မှ မတ်လ ၃ရက်အထိလည်းကောင်း သတ်မှတ်ထားကြောင်း သိရသည်။

 

ရန်ကုန် စာဖြေဌာနနှင့် မန္တလေးစာဖြေဌာနအတွက် Level အလိုက် တစ်ပြိုင်တည်း လက်ခံသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၆ ရက်နှင့် မတ်လ ၂ရက်တို့တွင် ပိတ်ထားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

 

ယင်းအပြင် ကျောင်းအလိုက်လျှောက်လွှာတင်ခြင်း၊ Online System ဖြင့်လျှောက်လွှာတင်ခြင်း လမ်းညွှန်၊ ကြိုတင် Registration ပြုလုပ်ခြင်းလမ်းညွှန်ခြင်းများနှင့်ပတ်သက်၍ ထပ်မံကြေငြာပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group