#Local_News
Published_ 11 February 2023

 

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး ဖေဖော်ဝါရီလ ၈ ရက်က ရေနစ်သေဆုံးခဲ့ကြောင်း မလေးရှားနိုင်ငံ မြန်မာလူမှုကူညီရေးအသင်းက သိရသည်။

 

ယင်းမှာ အသက် ၃၂ နှစ်အရွယ် ကိုငြိမ်းချမ်းအောင်ဖြစ်ပြီး ရုပ်အလောင်းကို စာတန်းဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆရာဝန်များ ရင်ခွဲစစ်ဆေးမှုပြီးနောက် ရေခဲတိုက်သို့ ပို့ဆောင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မနက်ဖြန် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကိုငြိမ်းချမ်းအောင်၏ရုပ်အလောင်းကိုသဂြိုလ်ရန် စာတန်းဆေး ရုံကြီးရေခဲတိုက်မှတစ်ဆင့် မလေးရှားနိုင်ငံ၊ ပူချွန်းမြို့ရှိ (၁၄) မိုင် သုဿန်၌ သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုငြိမ်းချမ်းအောင်သည် ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်ကုန်းကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group