#Local_News
Published_ 8 February 2023

 

ညောင်ဦးမြို့နယ်ရှိ ရေနံတွင်း မီးလောင်မှုဖြစ်စဉ်အတွက် ရေနံခပ်လုပ်သားကို အမှုဖွင့်ထားကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရသည်။

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တက်မရေနံမြေလုပ်ငန်းဧရိယာအတွင်း ဖေဖော်ဝါရီလ ၇ ရက် နံနက် ၂ နာရီ ဝန်းကျင်က ရေနံကျင်းအတွင်းမှ ရေနံစိမ်းများကို ခပ်ယူနေချိန် ရေနံငြမ်းစင်ပါ သံမူလီနှင့်ရေနံခပ်ခွက်ပါ သံကိုင်းတို့ထိခပ်မိရာမှ မီးပွားထွက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ရေနံကျင်းလေးကျင်းကို ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် (၁ဝ×၁၀)ပေပတ်လည် သက်ကယ်မိုး၊ အကာမပါဆီခပ်တဲ ၃လုံး၊ ၅လုံး၊ ၂၂ ကောင်စီလင်းအင်ဂျင်ဟောင်း ၃ လုံး၊ စက်ကလပ်ခုံ ၃ လုံး၊ ၁၆ ကောင်ဂျင်ဒေါင်းအင်ဂျင်ဟောင်း ၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ယင်းကြောင့် မီးလောင်မှုဖြစ်စေခဲ့သည်မှာ ပေါ့ဆမှုဖြစ်၍ ရေနံခပ် လုပ်သားအား စဉ့်ကူနယ်မြေရဲစခန်းမှ (ပ)၇/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group