#Local_News
Published_ 8 February 2023

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးသို့ ဖေဖော်ဝါရီလ ၇ ရက်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဖူးမျှော်ကြည်ညိုခဲ့ကြောင်း သိရသည်။

 

စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကာ နစက ဥက္ကဌ ကစေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများကလက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

 

ယင်းနောက် စေတီတော်မြတ်ကြီးကို လက်ယာရစ်လှည့်လည်ဖူးမြော် ကြည်ညိုကြပြီး စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးသာမက ပုသိမ်မြို့ရှိအခြားသောဘုရား၊ စေတီများကိုလည်း ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်အောင် ထိန်းသိမ်းကြရန်နှင့်အခြားလိုအပ်ချက် ကိစ္စများကို လုပ်ဆောင်ရန် မှာကြားခဲ့ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

#ymg/mt
#Yangon_Media_Group