Published 6 Feb 2023

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev နှင့်  နျူကလီးယား စွမ်းအင်နည်းပညာ ကို ငြိမ်းချမ်းစွာအသုံးပြုရေးအတွက် နည်းပညာပူးပေါင်းဆောင် ရွက်ရေးအခြေအနေများနှင့် ပတ်သက်၍ ယနေ့ ဖေဖော်ဝါရီ (၆)ရက်က ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှန်ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင်တဲ့  အဖွဲ့ဝင်တွေကို ယနေ့ ဖေဖော်ဝါရီ (၆)ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန်၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ်အတွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။

နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးကဲ့သို့သောလုပ်ငန်း အပါအဝင် ကျန်းမာရေးနှင့် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ တွင်အကျိုးရှိစွာ အသုံးပြုဆောင်ရွက် နိုင်မည့် အခြေအနေများနှင့် နျူကလီးယား စွမ်းအင်နည်းပညာ ကို ငြိမ်းချမ်းစွာအသုံးပြုရေးအတွက် နည်းပညာပူးပေါင်းဆောင် ရွက်ရေးအခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါ တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့်တာဝန်ရှိသူတို့ တက်ရောက် ကြပြီး ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

-ymg/knl

#Myanmar

#Myanmar_Russia