#Local_News
Published_ 6 February 2023

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင် အသစ်ဖြစ်သူ Dr Piti Srisangnam အား အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ ဖေဖော်ဝါရီ ၃ ရက်တွင် လက်ခံတွေ့ဆုံခဲ့ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ ဆွေးနွေးကြပါတယ်။
ထိုသို့ တွေ့ဆုံစဉ် အာဆီယံဖောင်ဒေးရှင်းနှင့် အာဆီယံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်များ ကော်မတီအဖွဲ့ဖြစ်သည့် Board of Trustees များနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးကြပါတယ်။

 

ASEAN Foundation သည် အာဆီယံ အသိုက်အဝန်း ထူထောင်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ အာဆီယံအား ပြည်သူများ ပိုမိုသိရှိစေရန် ဆောင်ရွက်ရာ၌ ထိရောက်သည့် တစ်ထောင့် တစ်နေရာမှ ပါဝင်ဆောင်ရွက်ရန်ကိစ္စတို့ကို လည်း ဆွေးနွေးခဲ့ကြပါတယ်။

 

အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အာဆီယံ၏ ဆွေးနွေးဖက် နိုင်ငံများမှ အကူအညီများရယူ၍ ASEAN Foundation အနာဂတ် စီမံကိန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်သွားရန် အစရှိသည့် ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn
#Yangon_Media_Group