#LocalNews
Published _5 February 2023

 

ရခိုင်ပြည်နယ်သံတွဲမြို့ရှိ ငပလီကမ်းခြေဒေသအတွင်း အပန်းဖြေအိမ်ရာစီမံကိန်းနှင့် ခရီးသွားဝန်ဆောင်မှုကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်း နှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ခြင်းဆိုင်ရာ လုပ်ငန်းတို့အတွက် ရုရှား - မြန်မာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ လက်မှတ်ရေးထိုးခြင်းကို ဖေဖော်ဝါရီလ ၄ ရက် ရန်ကုန်မြို့ရှိ Pan Pacific Hotel Yangon ၌ ပြုလုပ်ခဲ့ကြကြောင်းနှင့် ယင်းအခမ်းအနားသို့ ရုရှား-မြန်မာချစ်ကြည်ရေး အသင်း(RUSSIA-MYANMAR ASSOCIATION FOR FRIENDSHIP & COOPERATION, RMAFC) ဥက္ကဋ္ဌမစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်သောရုရှားနိုင်ငံမှ စီးပွားရေးပညာရှင်များပါဝင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များ၊ Treasure of Ngapali Development Co.,Ltd မှ အမှုဆောင် အရာရှိချုပ်နှင့် အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်များ၊ Shwin Pyaw Pyaw Trading Co.,Ltd တို့မှ အုပ်ချုပ်မှုဒါရိုက်တာနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

နှစ်ဖက်သဘောတူ စာချုပ်(MoU) များ လက်မှတ်ရေးထိုးကြရာတွင် ရခိုင်ပြည်နယ်သံတွဲမြို့ ငပလီကမ်းခြေဒေသအတွင်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခရီးသွားကဏ္ဍများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးကို အထောက်အကူပြုမည့်ကိစ္စ၊ ရုရှား-မြန်မာ ငပလီကမ်းခြေအိမ်ရာ စီမံကိန်းစတင်အကောင်အထည်ဖော်ရေး၊ ကော်ဖီ စိုက်ပျိုးထုတ်လုပ်တင်ပို့ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

ymg/mt

#Yangon_Media_Group