#Local_News
Published_ 3 February 2023

 

နေပြည်တော်ရှိ ဈေး ၃ ခုတွင် ရောင်းချနေသည့် ​စျေးဆိုင်ခန်း ၅၅ ခန်းကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကော်မတီပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

 

နေပြည်တော်ရှိ ပုဗ္ဗသီရိဈေး၊ အောင်ဇဗ္ဗူဈေးနှင့် ဒက္ခိဏသီရိဈေးတို့တွင် ယာယီချိတ်ပိတ်ထားသည့် ဈေးဆိုင်ခန်း ၅၅ ခန်းကို ပြန်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဈေးဆိုင်ခန်းများသည် အကြောင်းအမျိုးမျိုးကြောင့် ဆိုင်ခန်းဖွင့်လှစ်​ခြင်းမရှိဘဲ ဆိုင်ခန်းငှားရမ်းခများ ပေးသွင်းရန် ပျက်ကွက်နေ​ခြင်းကြောင့် ယခုလို ယာယီပိတ်သိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

 

၎င်းဆိုင်ခန်းပိုင်ရှင်​တွေအ​နေ​ဖြင့် ဆိုင်ခန်းပြန်လည်ဖွင့်လှစ်လိုပါက လာမည့် ၂၈ ရက် နောက်ဆုံးထားပြီး စည်ပင်သာယာ ဈေးများဌာနကို ဆက်သွယ်လျှောက်ထားကာ အခွန်အခအကြွေးကျန်တွေ၊ ဒဏ်ကြေး​​ငွေများပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group