#Myanmar_News
Published 1 Feb 2023

နစက ဗဟိုအကြံပေးအဖွဲ့သို့ ပြောင်းလဲတာဝန်ပေးခံရတဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်ရဲ့နေရာမှာ ဦးစစ်အေး ကို ဥက္ကဋ္ဌသစ်အဖြင့် ခန့်အပ်လိုက်ပါတယ်။ အဲဒီအပြင် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းလဲခန့်အပ်ခံရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေရဲ့ နေရာမှာ ဟိုတယ်နှင့်ခရီးသွားလာရေးပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့တဲ့ ဒေါက်တာဋ္ဌေးအောင်ကို ခန့်အပ်လိုက်ပါတယ်။


Ymg/knl
#Yangon_Media_Group