#LocalNews
Published _29 January 2023

 

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်အရှေ့ဘက်မှလေပြင်းများတိုက်ခတ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရသည်၊၊

 

မုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျားမိုးအနည်းငယ် ထစ်ချုန်းရွာနိုင်သည်ဟုဆိုသည်၊၊

 

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံအရှေ့ဘက်မှ လေပြင်းများတိုက်ခတ်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းသိရသည်၊၊

 

အရှေ့ဘက်မှလေပြင်းများတိုက်ခတ်စဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိတိုက်ခတ်နိုင်ကြောင်း လှိုင်းအမြင့်အနေဖြင့်မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်သဖြင့် ပင်လယ်ပြင်သွား သင်္ဘော၊စက်လှေ၊ငါးဖမ်းစက်လှေနှင့်ရေယာဥ်များ အထူးသတိပြုသွားလာရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရသည်၊၊

 

ymg/tthl
#Yangon _Media_Group