#LocalNews
Published_28 January 2023

 

ယခင်အစိုးရလက်ထက်က YP စက်သုံးဆီဆိုင်ဆောက်မည့် မြေကွက် ၆ ကွက်၏ဂရန်ကို ပြန်လည်ပယ်ဖျက်လိုက်ကြောင်း YCDC ထုတ်ပြန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(YCDC)က ထုတ်ပြန်လိုက်သည်။

 

ယင်းထုတ်ပြန်ချက်တွင် Yangon Petrol Co.,Ltd အနေဖြင့် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချရန်အတွက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒလမြို့နယ်များရှိ မြေနေရာများကို ဌာနမှ နှစ်(၆၀)မြေငှား စာချုပ်(ဂရန်)များထုတ်ပေးထားခဲ့ကြောင်း၊ယင်း နှစ်(၆၀)မြေငှားစာချုပ်(ဂရန်)များကို လုပ်ထုံးလုပ်နည်းနှင့်အညီပယ်ဖျက်ပြီးဖြစ်ပါကြောင်း အသိပေးကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

 

အဆိုပါ မြေနေရာများမှာ Golden Star Co.,Ltd အမည်ပေါက်သော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက် (၆၂)၊ မြေကွက် အမှတ်(၁)၊ဂရန်စာအုပ်အမှတ်- A 0037058 A ၊ ဧရိယာ(၆၃ ဒသမ ၈၉၅) ဧက၊ Yangon Petrol Co.,Ltd အမည်ပေါက်မြေကွက်များဖြစ်သော မရမ်းကုန်းမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ် (၁၂+၁၇+၁၈)၊ မြေကွက်အမှတ်(၁၃/က)၊ ဂရန်စာအုပ် အမှတ် - A 0035310 A ၊ ဧရိယာ (၃ ဒသမ ၇၁၄) ဧက၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် (၂၃-သုဝဏ္ဏ)၊ မြေကွက်အမှတ်(၂-အေ)၊ ဂရန် စာအုပ်အမှတ် - A 0035148 A ၊ ဧရိယာ (၀ ဒသမ ၆၉၉)ဧက၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊မြေတိုင်းရပ်ကွက်(၁-တိုးချဲ့)၊ မြေကွက် အမှတ် (၆၁၃)၊ ဂရန်စာအုပ်အမှတ်- A 0038147 A ၊ ဧရိယာ(၄၉၄၁)ဧက၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်(၁၇)၊ မြေကွက် အမှတ်(၁-က)၊ ဂရန်စာအုပ်အမှတ်- A 0039600 A ၊ဧရိယာ(၀ ဒသမ ၇၅၂) ဧက၊ လမြို့နယ်၊ မြေတိုင်းရပ်ကွက်(၃)၊ မြေကွက်အမှတ် (၁၄၂၄)၊ ဂရန် စာအုပ်အမှတ်- A 0041013 A၊ ဧရိယာ(၁ ဒသမ ၄၁၅)ဧက တို့ ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြို့ပြမြေစီမံခန့်ခွဲမှုဌာန၏ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)က ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

ymg/mt
#Yangon_Media_Group