#Local_News
Published_28 January 2023

 

မလေးရှားရောက် မြန်မာတစ်ဦးသိန်းနှစ်ထောင်ခန့်နှင့်ညီမျှသော မလေးထီပေါက်ခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား )က သိရသည်။

 

"မလေး( ၆ )လုံးထီ ရင်းဂစ် ( ၃ )ကျပ်ဖိုးပေါက် မြန်မာငွေ သိန်း ( ၂၀၀၀ )နီးပါးရတာပေါ့။ ကံထူးရှင်က ထီပေါက်တာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ကပဲ ပေါက်တာတဲ့။ အခုမှလာထုတ်ဖို့ အကူအညီတောင်းခံလာတဲ့အတွက် ကူညီထုပ်ပေးခဲ့ပါတယ်။

 

ကံထူးရှင်က ကျွန်တော်တို့ နှလုံးလှပရဟိတအသင်း၏ ပရဟိတလုပ်ဆောင်မှုများအတွက် ရင်းဂစ် ( ၅၀၀၀ )လှူဒါန်းပေးခဲ့ပါတယ်။ ကံထူးရှင် လူပျိုကြီးက မြင်းခြံမြို့နယ်သားဖြစ်ပါတယ်"ဟု အဆိုပါ အသင်းတာဝန်ရှိသူက ပြောသည်။

 

ပြီးခဲ့သည့် တစ်ပတ်ကလည်း မလေးရှားတွင် ရောက်နေသော မော်လမြိုင်ဇာတိ လူပျိုကြီးတစ်ဦးက မြန်မာငွေသိန်းတစ်ထောင်ကျော်နှင့်ညီမျှသော မလေးရှားထီပေါက်ခဲ့သေးသည်။

#ymg/mt
#Yangon_Media_Group