#Local_News
Published_26 January 2023

 

ယနေ့ ဇန်နဝါရီလ (၂၆) ရက်တွင် Ron 92 နှင့် 95 ဈေးငြိမ်နေသော်လည်း ဒီဇယ်ဈေးပြန်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် ရည်ညွန်းလက်ကားဈေးနှုန်းမှာလည်း ရန်ကုန်တိုင်း၌ ၉၂ တစ်လီတာလျှင် ၂၁၉၂ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၂၆၈ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၅၇ ကျပ်ဖြစ်ပြီး ယမန်နေ့ထက် အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။

 

ယခုတွင် စက်သုံးဆီအရောင်းဆိုင်များ၏ လက်လီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၃၀၅ ကျပ်၊ ၉၅ တစ်လီတာ ၂၃၈၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၅၂၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၆၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

 

စင်ကာပူစက်သုံးဆီဈေးနှုန်း မြင့်တက်နေသည့်အတွက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာပြီး ရန်ကုန်တိုင်းအတွင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းလက်လီဈေးနှုန်းများအရ ဇန်နဝါရီ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ၉၂ တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေခဲ့ခြင်းဖြစ်သည်။

 

ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက အသိပေး ကြေညာထားသည်။

 

#ymg/sth
#Yangon_Media_Group