#LocalNews
Published_ 22 January 2023

 

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တတိယပတ်ထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး ၉ ရုံးတို့ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ အောင်ဇေယျရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအတွင်း နစက ဆန့်ကျင်လက်နက်ကိုင် အဖွဲ့တစ်ခုက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲ၍ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ရုံးပင်မအဆောက်အဦတစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရမှု အပါအဝင် အထက်ပါအတိုင်း ရုံး ၉ ရုံး ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။

 

ယင်းဖြစ်စဉ် မတိုင်မီက ဖျက်ဆီးခံထားရသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးများမှာ ချင်းပြည်နယ် ပြည်နယ်ဦးစီးမှူးရုံး၊ချင်းပြည်နယ်ကန်ပက်လက် မြို့နယ်ဦးစီးမှူးရုံး၊ ချင်းပြည်နယ်တီးတိန်မြို့နယ်ဦးစီးမှူးရုံးနှင့် ဝန်ထမ်းလိုင်းခန်းနေအိမ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ဦးစီးမှူးရုံး၊ စစ်ကိုင်းတိုင်းဒေသကြီးမြောင်မြို့နယ် ဦးစီးမှူးရုံး၊မကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်ဦးစီးမှူးရုံး၊ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်ဦးစီးမှူးရုံး၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဦးစီးမှူးရုံးတို့ ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group