#LocalNews
Published_ 22 January 2023

 

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘာအံမော်တော်ကားလမ်း၊ ကြာပန်းကျေးရွာအနီး၊ ရန်ကုန်မြို့မှ (၁၅၆)မိုင်အကွာတွင်တည်ရှိသည့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၁)အကြီးစားစက်ရုံ(တာယာစက်ရုံ-သထုံ)ကို ပူးပေါင်းလုပ်ကိုင်နိုင်မည့် ပြည်တွင်း ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူနေကြောင်း သိရသည်။

 

အဆိုပါ စက်ရုံမှာ စက်မှုဝန်ကြီးဌာန ၊အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်း လက်အောက်တွင်ရှိပြီး အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public Private Partnership -PPP) ပုံစံဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊စိတ်ဝင်စားသူများအနေဖြင့်နေပြည်တော် ၊ရုံးအမှတ် ၄၁ အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်းသို့ ဖေဖော်ဝါရီလ ၁၀ ရက်နောက်ဆုံးထားကာ စိတ်ဝင်စားမှုအဆိုပြုလွှာများတင်သွင်းနိုင်ကြောင်း သိရသည်။

 

၎င်းစက်ရုံကို Czech နည်းပညာဖြင့် တည်ဆောက်ကာ ၁၉၈၅ ခုနှစ်တွင် ကျွတ်တပ်ဆင်အသုံးပြုရသည့် Bias Tyre များ စတင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊အဆိုပါတာယာစက်ရုံတွင် တာယာနှင့် ရာဘာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းအပြင် အခြားစက်မှုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု(Public Private Partnership - PPP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းဆိုပြုလွှာ (Expression of Interest- EoI) ခေါ်ယူခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group