#LocalNews
Published_ 22 January 2023

 

ထိုင်းနိုင်ငံ၊ စမုဆွန်ခရမ်ခရိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်က ဆီတင်သင်္ဘောပေါက်ကွဲစဉ် သေဆုံးသွားသည့် မြန်မာလုပ်သား ၇ ဦး အတွက် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနက သေဆုံးသူမိသားစုဝင်များအား နစ်နာကြေးပေးပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိရုံးက သိရသည်။

 

အဆိုပါ Soosh Sea C22 ဆီတင်သင်္ဘောမှာ စမုဆွန်ခရမ်ခရိုင်၊ မဲခေါင်မြစ်ခွဲ၌ ပြုပြင်ထိန်းသိမ်းရန် ရပ်နားထားစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

 

ယင်းကြောင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနက သေဆုံးသူတစ်ဦးချင်းအတွက် နာရေးပြုလုပ်ခ ဘတ် ၅၀,၀၀၀၊ အလုပ်ခွင်အတွင်း သေဆုံးမှုကြောင့် လျော်ကြေး ဘတ် ၇၇၀,၉၅၂ ပေးအပ်ခဲ့ကာ သက်ကြီးပင်စင်ကြေးကိုတော့ သေဆုံးသူများ၏ သူသက်တမ်းအလိုက် ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

 

လူမှုဖူလုံရေးဌာနအနေဖြင့် ဆေးကုသမှုကျသင့်ငွေကို ဝန်ကြီးဌာန ဥပဒေသတ်မှတ်ချက်အတိုင်း ပြန်ပေးမည်ဖြစ်ပြီး ဆရာဝန်က ဆေးရုံအတွင်း ကုသမှုခံယူမှုကို ရပ်နားရန် ညွှန်ကြားခဲ့ပါက တစ်နှစ်မကျော်သည့် ယခင်ရရှိသည့် လုပ်ခလစာထဲမှ ၇၀ ရာခိုင်နှုန်း လုပ်အားခကိုရရှိမည် ဖြစ်ကြောင်း၊ ကိုယ်အင်္ဂါဆုံးရှုံးခဲ့ပါက ထောက်ပံ့ကြေးပေးခြင်းဆိုင်ရာဥပဒေအရ ၁၀ နှစ်ကာလအတွင်း နစ်နာမှုထောက်ပံ့ကြေး ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ဓာတ်ပုံ-MGR

ymg/mt

#Yangon_Media_Group