#Local_News
Published_ 21 January 2023

ကိုဗစ်ကာလအတွင်း ရပ်နားထားသည့် ရန်ကုန်-ပုဂံ ရထားကို လာမည့်ရက်ပိုင်းအတွင်း ပြန်လည်ပြေးဆွဲပေးသွားမည်​ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

ရန်ကုန်-ပုဂံ အမှတ်(၆၁)အဆန်၊ (၆၂)အစုန် အမြန်ရထားကို လာမည့် ဇန်နဝါရီ ၂၃ ရက်မှစပြီး နေ့စဉ်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်-ပုဂံပြေးဆွဲသည့် အမှတ်(၆၁)အဆန်နှင့် (၆၂)အစုန်ရထားတွေသည် ရန်ကုန်ဘူတာကြီးနှင့် ပုဂံဘူတာတွေကနေ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရထားလမ်းပိုင်းတွင် ကြားဘူတာ၂၃ ဘူတာ ရပ်တန့်ပေးသွားမည်​ဖြစ်​ပြီး ရထားတွဲဆိုင်းတွေအနေဖြင့် ရိုးရိုးတန်း ၅ တွဲ၊ အထက်တန်းထိုင်ခုံ ၁ တွဲ၊ အထက်တန်းအိပ်စင်တစ်တွဲနှင့် ဘရိတ်တွဲ ၁ တွဲ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group