#Local_News
Published_ 19 January 2023

 

ပြည်တွင်း၌ ဖွင့်လှစ်ထားသည့် အထည်ချုပ်စက်ရုံတွေ၏ ထက်ဝက်ခန့်သည် ဘဏ်စာရင်းမဖွင့်ဘဲ လည်ပတ်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၏ ပြောပြချက်အရ သိရသည်။

 

ပြည်တွင်း၌ ဖွင့်လှစ်ထားသည့် အထည်ချုပ်စက်ရုံများတွင် ဘဏ်စာရင်းမဖွင့်မထားသည့် အထည်ချုပ်စက်ရုံတွေနှင့် ဘဏ်စာရင်းဖွင့်ပြီးနိုင်ငံခြားငွေမရောက်သည့် စက်ရုံတွေကို အရေးယူခံရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။

 

ပြည်တွင်း၌ အထည်ချုပ် လုပ်ငန်းပေါင်း ၇၀၀ ကျော် လည်ပတ်နေတဲ့အနက် ဘဏ်စာရင်းဖွင့်လှစ်ကာ နိုင်ငံခြားငွေ ဝင်ရောက်တဲ့ စက်ရုံ ၃၆၂ ရုံသာရှိကြောင်း သိရသည်။

 

လက်ရှိတွင် အထည်ချုပ်စက်ရုံတွေ၏ နိုင်ငံခြားငွေဝင်ရောက်မှု ကုန်စီးဆင်းမှုတွေကို စစ်ဆေးရာတွင် ယခုနှစ်နိုဝင်ဘာလ ၁၄ ရက်ထိ ဘဏ်ငွေစာရင်းဖွင့်လှစ်ထားပြီး နိုင်ငံခြားငွေဝင်ရောက်သည့် အထည်ချုပ်စက်ရုံ ၃၆၂ရုံ၊ နိုင်ငံခြားငွေဝင်ရောက်မှုမရှိသည့် စက်ရုံ ၂၈၄ ရုံနှင့် ငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသည့် စက်ရုံ ၉၂ ရုံ ကို စိစစ်တွေ့ရှိထားကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group