#Local_News
Published_ 19 January 2023

အရက်ချက်စက်ရုံမီးလောင်ပြင်၌ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးပျောက်ဆုံးနေမှုမှာ ၅ ရက်ရှိပြီဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် (၄)ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့က သိရသည်။

 

အဆိုပါ တပ်သားမှာ မော်လမြိုင်မြို့နယ် မြိုင်သာယာမှ ရွှေပြည်သာမြို့နယ် (၄)ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့သို့ လာရောက်၍ စေတနာ့ဝန်ထမ်းအဖြစ် လာရောက်တာဝန်ထမ်းဆောင်နေသူ အသက် ၁၈ နှစ်အရွယ် မောင်ပြည့်ဘုဏ်းမောင်ဖြစ်ကြောင်း၊ တပ်ဖွဲ့ရုံး၌ အဝတ်အစားများနှင့် မှတ်ပုံတင်လည်းကျန်နေခဲ့ကြောင်း သိရသည်။

 

"သူက စကားမပီဘူး၊ မွေးရာပါစကားမပီတာပါ၊ စကားက လုံးနေတာပေါ့။ အရက်ချက်စက်ရုံ မီးလောင်တဲ့နေ့ကမီးသတ်ကားပေါ်မှာ ရေထိုင်တာဝန်ယူရင်း ပြုတ်ကျလို့ သူ့ဦးခေါင်းဖုရောင်သွားတာကြောင့် ရွှေပြည်သာဆေးရုံမှာတစ်ရက်တက်ရတယ်။ ဇန်နဝါရီ ၁၄ ရက်နေ့ ဆင်းတယ်။ ဆေးရုံက ဆင်းလာပြီး နောက်နေ့ ဇန်နဝါရီ လ ၁၅ ရက်နေ့ နေ့လယ်လောက်ကပဲ ဘုရားသွားဖူးမယ်ပြောပြီး ထွက်သွားတာ ခုထိ ပြန်မလာ ၅ ရက် ရှိပြီ၊ ထွက်သွားတော့ အဝတ်တထည်ကိုယ်တစ်ခုပဲ ၊သူက မော်လမြိုင်ကပါ။ ဒါပေမဲ့ သူ့အမေအိမ်ကိုလည်း မရောက်ဘူး၊ သူ့အိမ်ကလည်းရှာနေကြတယ်။ အခု ရဲစခန်းမှာ လူပျောက်တိုင်ရမလားဆိုတာကိုလည်း ကျွန်တော်တို့ တိုင်ပင်နေကြတယ်"ဟု ယင်း မီးသတ်တပ်ဖွဲ့၏တာဝန်ရှိသူက ပြောသည်။

 

ယင်းမောင်ပြည့်ဘုဏ်းမောင်အားတွေ့ရှိပါက ရွှေပြည်သာမြို့နယ်၊ ရွှေပြည်လေးအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့(၄)ရပ်ကွက်၏ တယ်လီဖုန်း ၀၉၄၀၀၅၄၄၄၀၆ ကို ဆက်သွယ်ပေးကြရန်လည်း ထုတ်ပြန်ထားသည်။

#ymg/mt
#Yangon_Media_Group