#Local_News
Published_ 17 January 2023

ကန်တော်ကြီးတွင် ရုပ်အလောင်းတွေ့ရသည့် ကိုလှဘုန်းလင်းအတွက်ဝမ်းနည်းကြေကွဲကြောင်း ချင်းနှစ်ခြင်းခရစ်ယာန် အသင်းတော် ရန်ကုန်မှထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊

 

ထုတ်ပြန်ချက်တွင် Ko Van Lal Malsawma @ လှဘုန်းလင်း အသက်(26) နှစ်၏ မိဘများသည် ချင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ရန်ကုန်၏ အသင်းသားများဖြစ်ပြီး Ko Van Lal Malsawma @ လှဘုန်းလင်း အသက်(26) နှစ်သည်ဇန်နဝါရီလ (၁၇)ရက်နံနက်တွင် ခရစ်တော်၌ အိပ်ပျော်သွားပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ချင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ရန်ကုန်မှ အထူးပင်ဝမ်းနည်းကြေကွဲရပါကြောင်း၊ ဈာပနအစီအစဉ်ကို ထပ်မံဖော်ပြမည်ဖြစ်ကြောင်းဖော်ပြထားသည်၊၊

 

"သူဟုတ်ပါတယ်၊၊ ကန်တော်ကြီးမှာပြန်တွေ့တာ ချင်းလူငယ် ကိုလှဘုန်းလင်းဖြစ်ပါတယ်"ဟု အသင်းတော်မှ တာဝန်ရှိသူတစ်ဦးက YMG ကို ပြောသည်၊၊

ဇန်နဝါရီလ ၁၇ ရက် နံနက်ကရန်ကုန်မြို့ကန်တော်ကြီးရေပြင်အတွင်းသေဆုံးသူကိုတွေ့ရှိခဲ့ရခြင်းဖြစ် ပြီးသေဆုံးရခြင်းအကြောင်းရင်းကို သက်ဆိုင်ရာက စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group