#LocalNews
Published_ 15 January 2023

 

ပဲခူးတိုင်းဒေသကြီး ၊ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးမြို့အဝင်ဆိုင်းဘုတ်အနီးတွင် ယနေ့ ဇန်နဝါရီလ ၁၅ရက် နေ့လယ်ပိုင်းက ယာဉ်တစ်စီးတိမ်းမှောက်၍ လူ ၃ ဦး သေဆုံးခဲ့ကြောင်း ဘိုဘိုဝင်းလူမှုကူညီရေးအသင်းက သိရသည်။

 

တောင်ငူမြို့ဘက် မှ မောင်းနှင်လာသည့် Honda Fit ယာဉ်မှာ ကျောက်တံခါးမြို့အဝင်ဆိုင်းဘုတ်အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သောကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ ၆ ဦးအနက် ၃ ဦးမှာအပြင်သို့ လွှင့်စင်သွားခဲ့ကြခြင်းဖြစ်ကြောင်း ယင်းအသင်း၏ တာဝန်ရှိသူကပြောသည်

 

"လွင့်စင်သွားတဲ့ ၃ ယောက်က ပွဲချင်းပြီး ဆုံးသွားပါတယ်။ကျန်တဲ့ ၃ ယောက်ကလည်း ဒဏ်ရာတွေ အရမ်းများတယ်။စိုးရိမ်ရတယ်၊ Honda fit ကားလည်း ပျက်သွားတယ်"ဟု ယင်းကဆိုသည်။

 

ယာဉ်တိမ်းမှောက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူများအား နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group