Published 12 July 2022

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးရဲ့ရုပ်အလောင်းကို တင်ဆောင်လာတဲ့ နိဗ္ဇာန်ယာဉ်ဟာ ဇူလိုင် ၁၂ရက်က ဂျပန်ဝန်ကြီးချုပ်ရုံးအပြင်ဘက်မှာ  အလေးအမြတ်ပြုဖို့အတွက်  ခေတ္တရပ်ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် အဆင့်မြင့်အစိုးရအရာရှိကြီးတွေက သူတို့ရဲ့ ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ ရုပ်ကလပ်ကို လက်အုပ်ချီကန်တော့ပြီး အလေးအမြတ်ပြုခဲ့ကြပါတယ်။

အာဘေးဟာ နာယာမြို့မှာ သေနတ်သမာတစ်ဦးရဲ့ အနီးကပ်ပစ်ခတ်လုပ်ကြံမှုကြောင့်ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရုံးက အလံတိုင်မှာလည်း ဂျပန်နိုင်ငံတော်အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ် တိုင်တစ်ဝက်လွှင့်ထူထားပါတယ်။

ဒီကနေ့ ဇူလိုင် ၁၂ ရက်မှာ ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ ဈာပနကို မိသားစုသီးသန့် ပြုလုပ်မှာဖြစ်ပြီး ဂျပန်တစ်နိုင်ငံလုံးက ပြည်သူတွေက ကွယ်လွန်သူ ခေါင်းဆောင်ဟောင်းအတွက် ကြေကွဲဝမ်းနည်းနေကြပါတယ်။

Source AFP

#Japan_Former_PM_Abe_Funeral

#Shinzo_Abe_Funeral

#Japan_Poliitcs

#ရှင်ဇိုအာဘေး