#WorldPolitics

Published - 31 January 2022
ယူကရိန်းနိုင်ငံအပေါ် ကျူးလွန်ခဲ့တဲ့ ရုရှားတိုရဲ့လုပ်ရပ်တွေကို ဒဏ်ခတ်အရေးယူဖို့ ဥပဒေသဘောတူညီချက်တစ်ရပ်ကို အမေရိကန်မှ အထက်လွှတ်တော်အမတ်များက အကောင်အထည်ဖော်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ထိုဥပေဒကြမ်းတွင် ကျူးကျော်မှုမပြုခင်ကပင် အရေးယူနိုင်မယ့် အချက်အလက်တွေလည်း ပါဝင်နေကြောင်း ထိပ်သီးလွှတ်တော်အမတ်နှစ်ဦးက တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။

အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီမှ ဒီမိုကရက်တစ်ဥက္ကဌ 'ဘော့မီနန်ဒက်ဇ်'နဲ့ ရစ်ပတ်ဘလစ်ကန်ထိပ်သီးခေါင်းဆောင် 'ဂျိမ်းစ်ရစ်ချ်'တို့က အခုအပတ်အတွင်း ဥပဒေကြမ်းကို ရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဥပေဒကြမ်းကို အတည်ပြုနိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်ကြောင်း 'မီနန်ဒက်ဇ်'က CNN ကို ပြောကြားလိုက်ပါတယ်။အဆိုပါပါတီနှစ်ခုစလုံးက ယူကရိန်းကိုထောက်ပံ့ကူညီဖို့ ပြတ်ပြတ်သားသားဆုံးဖြတ်ထားကြပြီး ယူကရိန်းကို ကျူးကျော်ပါက ရုရှားကို ပြစ်ဒဏ်ချမှတ်သွားဖို့ ဆုံးဖြတ်နေကြပါတယ်။

ဒီအပတ်အတွင်း ဥပဒေကြမ်းအတွက် သဘောတူညီမှုရနိုင်မှာလားဆိုတဲ့ မေးခွန်းအပေါ် ရရှိနိုင်မယ်လို့ ယုံကြည်နေကြောင်း 'မီနန်ဒက်ဇ်'က ဖြေဆိုခဲ့ပါတယ်။

ဘိုင်ဒန်ရဲ့ အကြီးတန်းအုပ်ချုပ်ရေးအရာရှိတွေက အမေရိကန်လွှတ်တော်အမတ်အားလုံးအတွက် ရှင်းလင်းပွဲတစ်ခုကို ကြာသပတေးနေ့မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း လွှတ်တော်လက်ထောက်တစ်ဦးက ဆိုပါတယ်။

လွှတ်တော်ခေါင်းဆောင်တွေက အခြေအနေတွေကို ရှင်းလင်းတင်ပြရန် တောင်းဆိုထားတာဖြစ်ပါတယ်။ယူကရိန်းနယ်စပ်တွင် ရုရှားစစ်တပ်များ နေရာချထားသည်မှာ လနဲ့ချီနေပြီဖြစ်ပါတယ်။

နေတိုး(NATO)တပ်ဖွဲ့တွေနဲ့ စစ်လက်နက်တွေကို အရှေ့ဥရောပကနေ ဆုတ်ခွာဖို့နဲ့ ယူကရိန်းနိုင်ငံကို အမေရိကန်မဟာမိတ်အဖွဲ့သို့ ဝင်ရောက်မှုကို တားမြစ်ပေးရန် ရုရှားတို့က တောင်းဆိုခဲ့ပါတယ်။

အဆိုပါကိစ္စရပ်တွေအတွက် ချက်ချင်းအရေးယူဆောင်ရွက်ဖို့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇဲလင်စကီ'က ဆိုလိုက်ပြီး ပိုမိုထိရောက်ပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေပြုလုပ်ဖို့ ကြန့်ကြာနေတဲ့ အမေရိကန်ကို ဝေဖန်လိုက်ပါတယ်။

လွှတ်တော်ဥပဒေကြမ်းဟာ ရုရှားအချုပ်အခြာအာဏာနဲ့ အထင်ကရရုရှားဘဏ်တွေကို အဓိကပစ်မှတ်ထားတာဖြစ်ပါတယ်။ဒါ့အပြင် ယူကရိန်းကို အမေရိကန်စစ်ရေးထောက်ပံ့မှုတွေဖြင့် ပိုမိုကူညီဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။

ယူကရိန်းအပေါ် ရုရှားတို့ကျူးလွန်ခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ လွှဲမှားတဲ့ စွပ်စွဲဆောင်ရွက်ချက်တွေ၊ ယူကရိန်းအစိုးရအုပ်ချုပ်မှုကို ပျက်ပြားစေနိုင်တဲ့ ဆောင်ရွက်ချက်တွေကို ကျူးလွန်ထားပြီးဖြစ်ပါတယ်။

ဥပဒေမူကြမ်းထဲက အချို့အချက်တွေဟာ ရုရှားတို့ကျူးကျော်ခြင်း မပြုလုပ်ရသေးခင်မှာပင် အရေးယူဆောင်ရွက်နိုင်တဲ့ သက်ရောက်မှုတွေ ပါဝင်နေပါတယ်။

Nord Stream 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပေါ် အရေးယူပိတ်ဆို့ခြင်းပြုမပြုကိုတော့ နှစ်ပါတီအနေနဲ့ သဘောထားမတူညီတာတွေ ရှိနေပါတယ်။အပြီးသတ်မဆောင်ရွက်ရသေးခင်မှာ အကုန်လုံးကို စေ့စေ့စပ်စပ်တိတိကျကျပြုလုပ်သွားရမှာဖြစ်ကြောင်း 'ရစ်ချ်'က ပြောပါတယ်။

ယူကရိန်းဘက်ကတော့ အခုအချိန်မှာရော ကျူးကျော်ခံရအပြီးမှာပါ ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ တောင်းဆိုထားကြောင်း အမေရိကန်ဆိုင်ရာ ယူကရိန်းသံအမတ် 'အိုဆာနာမာကာရိုဗာ'က CBS ကို ပြောကြားလိုက်ပါတယ်။

အမေရိကန်တို့က ရုရှားတို့ရဲ့ကျူးကျော်လာနိုင်မှုကို အမျိုးမျိုးခန့်မှန်းပြောဆိုနေတယ်လို့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇဲလင်စကီ'က စွပ်စွဲလိုက်ပြီး 'မာကာရိုဗာ'ကတော့ အခြေအနေတင်းမာမှုတွေကို လျော့ကျလာအောင် ညှိနှိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"အမြင်အမျိုးမျိုးဖြစ်နေကြပေမယ့် ပြဿနာဖြစ်နေတာမဟုတ်ပါဘူး။ အမေရိကန်က ယူကရိန်းအတွက် မိတ်ဖက်တွေဖြစ်ပြီး ဆယ်စုနှစ်တွေကြာအောင် အရင်းနှီးဆုံးဖြစ်နေခဲ့ပါတယ်" လို့ ဆိုခဲ့ပါတယ်။
Source: Reuters