၂၀ ဖေဖော်ဝါရီ ၂၀၂၄

ရုရှားသမ္မတ ဗလက်ဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုန်အမ်ကို ရုရှားနိုင်ငံထုတ်ဇိမ်ခံကား Aurus ကား   တစ်စီးကို ကိုယ်ရေးကိုယ်တာသုံးဖို့ လက်ဆောင်ပေးလိုက်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့ ဖေဖော်ဝါရီ ၂၀ရက်မှာ ကြေညာပါတယ်။

အဲဒီလက်ဆောင်ကို မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ နှမ ကင်မ်ယိုဂျုန်နှင့်  အာဏာရ ကိုရီးယားလုပ်သားပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ပတ်ဂျုန်ချွန်တို့က တနင်္ဂနွေနေ့မှာ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ ဘယ်နေရာမှာလက်ခံခဲ့သလဲဆိုတာကိုတော့ ကိုရီးယားဗဟိုသတင်းအေဂျင်စီရဲ့ထုတ်ပြန်ချက်ထဲမပါရှိပါဘူး။

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ရုရှား အရှေ့ဖျားကိုသွားရောက်လည်ပတ်ခဲ့စဉ်မှာ Aurus ကားကို စစ်ဆေးကြည့်ရှုပြီး နောက်ခုံမှာဝင်ထိုင်ကြည့်ခဲ့တဲ့အကြောင်း ရုရှားရဲ့တပ်စ်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့ ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်နှင့်နျူကလီးယားအစီအစဉ်တွေကြောင့် ကားတွေအပါ အဝင် ဇိမ်ခံပစ္စည်းတွေ မြောက်ကိုရီးယားထံတင်ပို့ခြင်းတားမြစ်ထားခဲ့ပါတယ်။

ကင်မ်ယိုဂျုန်က သူမအစ်ကိုရဲ့ကျေးဇူးတင်စကားကို ပူတင်ထံ ပြောကြားခဲ့ပါတယ်။ အဲဒီလက်ဆောင်ဟာ ခေါင်းဆောင်နှစ်ဦးရဲ့ ပုဂ္ဂိုလ်ရေး အထူးခင်မင်ရင်းနှီးမှုကိုပြသနေတာဖြစ်တယ်လို့လည်း သူမကပြောပါတယ်။

ရုရှားနှင့်မြောက်ကိုရီးယားတို့ဟာ ဆက်ဆံရေးတွေတိုးမြှင့်လာနေပြီး ပြုုံယမ်းဟာ မော်စကိုသို့ စစ်လက်နက်ခဲယမ်းမီးကျောက် တွေတင်ပို့ပေးနေတယ်လို့အမေရိကန်က စွပ်စွဲထားတာဖြစ်ပါတယ်။

Source BKK Post