၈ ဖေဖော်ဝါရီ ၂၀၂၄

အသက် ၅၇နှစ်အရွယ် ဒတ်ချ်အမျိုးသားတစ်ဦးဟာ ယခုဆိုရင် အသက်အရှည်ဆုံးနေနေရတဲ့ နှလုံးအစားထိုးခွဲစိတ်ကုသမှု ခံယူခဲ့သူလူနာ အဖြစ် ကမ္ဘာ့မှတ်တမ်းဝင်သွားပါတယ်။

ဘတ်ဂျန်ဆန်ဟာ ၁၉၈၄ခုနှစ်တုန်းက လန်ဒန်မြို့ အနောက်မြောက်ပိုင်းက ဟာရီဖီးလ်ဆေးရုံကြီးမှာ အလှူရှင် တစ်ဦးရဲ့နှလုံးနှင့် နှလုံးအစားထိုးခွဲစိတ်ကုသမှုခံယူခဲ့ပြီး ယခုဆိုရင် နှစ်ပေါင်း ၃၉နှစ်ကြာသည်အထိ ကျန်းမာစွာရှိနေပါတယ်။

အဲဒီအောင်မြင်မှုကို ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းက စံချိန်တစ်ခုအဖြစ် အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။