Published_ 19 September 2023

နနွင်းဟာ အစာမကြေခြင်းအတွက် ဆေးစွမ်းကောင်းတစ်လက် ဖြစ်တယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။

နနွင်းမှာပါဝင်တဲ့ ကာကူမင်လို့ခေါ်တဲ့ သဘာဝဒြပ်ပေါင်းက  ရောင်ရမ်းခြင်းကို ကျစေပြီး ပိုးမွှားသေစေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။

အရှေ့တောင်အာရှမှ စတင်ပေါ်ထွက်လာတဲ့ နနွင်းရဲ့  အစာကြေစေတဲ့ အာနိသင်ကို အစာအိမ်အက်ဆစ်များခြင်းအတွက် အသုံးပြုတဲ့ အိုမီပရာဇိုးလ်ဆေးနဲ့ နှိုင်းယှဥ်ကြည့်ခဲ့ပါတယ်။

အစာမကြေခြင်းအတွက် ကာကူမင်နဲ့ အိုမီပရာဇိုးလ်တို့ရဲ့ အာနိသင်က ယှဥ်သာလို့ရတဲ့ အနေအထားရှိကြောင်း လေ့လာဖော်ပြခဲ့ပါတယ်။

အစာအိမ်အခြေအနေ မကောင်းတဲ့ လူနာ ၂၀၆ ဦးကို အဖွဲ့ ၃ ဖွဲ့ခွဲကာ ၂၈ ရက်တာ ကုသလေ့လာခဲ့ပါတယ်။

တစ်ဖွဲ့ကို ကာကူမင်ဆေးတောင့် ၂ တောင့်ဖြင့် တစ်နေ့ ၄ ကြိမ်၊ နောက်တစ်ဖွဲ့ကို အိုမီပရာဇိုးလ် ၂၀ မီလီဂရမ် တစ်နေ့တစ်လုံး၊ ကျန်တစ်ဖွဲ့ကို နနွင်းနဲ့ အိုမီပရာဇိုးလ် ရောစပ် အသုံးပြုစေခဲ့ပါတယ်။

နနွင်းက အစာမကြေခြင်းကို သက်သာစေခဲ့ကာ အဖွဲ့ ၃ ဖွဲ့စလုံးက ရောဂါလက္ခဏာများ သက်သာခဲ့ပါတယ်။

ကာလကြာရှည်စွာ စမ်းသပ်ပြီး နနွင်းရဲ့ အကျိုးအာနိသင်ကို ဆက်လက်လေ့လာသွားဖို့ သုတေသီများ အကြံပြုခဲ့ပါတယ်။

ယခုစမ်းသပ်ချက်အရ နနွင်းဟာ အစာမကြေခြင်းကို သက်သာစေနိုင်တယ်လို့ စိတ်ချရတဲ့ အထောက်အထား တွေ့ရှိထားကြောင်း စာတမ်းပြုစုသူများက ဆိုပါတယ်။

အသည်းထိခိုက်ခြင်း အခြေအနေမှာလည်း နနွင်းနဲ့ ဆက်စပ်နေပုံကို ယခင်က တွေ့ရှိခဲ့ပြီး နနွင်းက အခြားဆေးတွေနဲ့ ဆိုးကျိုးသက်ရောက်စေနိုင်သလား ဆိုတာကို သေချာအောင် လေ့လာရဦးမှာ ဖြစ်ပါတယ်။
Source: India Today
#World_Health
#YMG #Yangon_Times