၁၅ စက်တင်ဘာ ၂၀၂၃

ပီတ လင်းဂျာရွန်ရတ် သည် သူ၏နေရာကို ဆက်ခံမည့်သူက  အတိုက်အခံခေါင်းဆောင် ရာထူးကိုရယူနိုင်ရေး လမ်းဖွင့်ပေးရန်အတွက် ရှေ့သို့ပါတီ(MFP) ၏ ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်လိုက်ပါတယ်။

စောင့်ကြည့်ရမည့် TIME100 Next ကမ္ဘာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင်များစာရင်းတွင် ပါဝင်ခဲ့တဲ့  မစ္စတာပီတသည် သောကြာနေ့တွင် ၎င်း၏ နုတ်ထွက်သည့်သတင်းစကားကို  သူ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှတစ်ဆင့် MFP အဖွဲ့ဝင်များနှင့် သာမန်ပြည်သူများထံပေးပို့ခဲ့ပါတယ်။

သူ၏သတင်းစကားတွင် ပီတ က MFP သည် အတိုက်အခံအစုအဖွဲ့အတွင်း ပါလီမန်အမတ်ဦးရေ အများဆုံးရသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သူ့ကို ပါလီမန်အမတ်အဖြစ် တာဝန်ထမ်းဆောင်ရန် ဆိုင်းငံထားခြင်းခံရသည့်အတွက် သူ့အနေနှင့် အတိုက်အခံခေါင်းဆောင်ရာထူးကို လက်မခံနိုင်တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

 “လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိုက်အခံခေါင်းဆောင်ဟာ ထိပ်တန်းအတိုက်အခံပါတီကို ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့်  အောက်လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ်  ကျွန်တော့်ရဲ့ တာဝန်တွေကို မထမ်းဆောင်နိုင်သေးတာကြောင့်  မကြာမီကာလအထိ  အတိုက်အခံခေါင်းဆောင်အဖြစ် ကျွန်တော် လက်ခံလိုက်လို့မရပါဘူး” လို့သူကပြောပါတယ်။

 “ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ၊ပါတီအမတ်တွေနဲ့ တိုင်ပင်ပြီးတဲ့အခါ ပါလီမန်စနစ်မှာ အတိုက်အခံခေါင်းဆောင် နေရာက အရေးအကြီးဆုံးဖြစ်ပြီး အောက်လွှတ်တော်မှာ အဓိက အဓိက အတိုက်အခံပါတီက အဲဒီနေရာကို  ရယူသင့်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်” လို့ သူကပြောပါတယ်။

 “တစ်နည်းဆိုရရင်  MFP ဟာ အစိုးရကိုတောင်လျောက်စောင့်ကြည့်ပြီး စစ်ဆေးမှုများပြုလုပ်ပြီး အစိုးရရဲ့ မူဝါဒတွေအထဲမပါတဲ့ ကိစ္စတွေကို ပြောင်းလဲပေးဖို့ တွန်းအားပေးရမယ့် တာဝန်ရှိတဲ့ အတိုက်အခံတွေကို ဦးဆောင်သင့်တယ်”

 “ကျွန်တော့်ကို အစားထိုးဖို့ အတိုက်အခံခေါင်းဆောင်ရဲ့ အခန်းကဏ္ဍကို ဆောင်ရွက် နိုင်တဲ့ လွှတ်တော်အမတ်တစ်ဦးကို ရွေးချယ်နိုင်အောင် MFP ခေါင်းဆောင်ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာပါ”

အသက်၄၃နှစ်အရွယ်ရှိ  ဟားဗတ်ကနေဒီအစိုးရကျောင်းထွက်ဖြစ်သော ပီတက သူသည် MFP အတွက် အလုပ်လုပ်ပေးမည်ဖြစ်ကာ  ပြည်သူများအတွက် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။

 ပါတီခေါင်းဆောင်သစ်ကို ရွေးချယ်တင်မြှောက်ရန် စက်တင်ဘာ ၂၄ ရက်က ဘန်ကောက်မြို့ ဒင်ဒါန်းနယ်မြေရှိ Keelawes အဆောက်အဦ(၁) တွင် MFP ပါတီဝင် များအားလုံး စုဝေးရန် သူကတိုက်တွန်းခဲ့ပါတယ်။

 ပါတီ အထွေထွေ အတွင်းရေးမှူး ချိုက်သဝပ်တူလာတွန် သည် သူ့နေရာကို ဆက်ခံမည့် အလားအလာ ရှိသည်ဟု လေ့လာသူများက ခန့်မှန်းထားကြပါတယ်။

Source Bangkok Post