Published 19 March 2023

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က လာမယ့် အင်္ဂါနေ့မှာ သူ့ကိုဖမ်းဆီးလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း မတ်၁၈ရက်က ပြောကြားလိုက်ပြီး သူ့ကိုထောက်ခံသူတွေအနေနှင့် ဆန္ဒပြပွဲတွေ စတင်ကြဖို့ လှုံ့ဆော်လိုက်ပါတယ်။

အဆိုပါကိစ္စဟာ မန်ဟန်တန်ဒိစတြိတ်ရှေ့နေရုံးက ပေါက်ကြားလာတာဖြစ်တယ်လို့  ထရမ့်က ကိုးကားလိုက်ပြီး သူ့ရဲ့ Truth လူမှုပလက်ဖောင်းမှာ သူကရေးသားလိုက်ပါတယ်။ “ ဦးဆောင်ရီပတ်ဘလီကန်ကိုယ်စားလှယ်လောင်းနှင့် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဟောင်းဟာ လာမယ့်အပတ် အင်္ဂါနေ့မှာ ဖမ်းဆီးခံရပါလိမ့်မယ်။ ကန့်ကွက်ဆန္ဒပြကြ။ နိုင်ငံကိုပြန်ဆောင်ယူကြ” လို့ သူကရေးသားခဲ့ပါတယ်။

ထရမ့်နှင့် နှစ်ပေါင်းများစွာအကြာက ဇာတ်လမ်းရှုပ်ခဲ့တဲ့ စက်ဖနီကလစ်ဖို့အမည်ရင်းရှိတဲ့ စတုန်းမီဒန်နီယယ်ကို ထရမ့်က ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင် သူတို့ကိစ္စတွေလူသိရှင်ကြားမလုပ်ဖို့ နှုတ်ပိတ်တဲ့အနေနှင့် ဒေါ်လာ တစ်သိန်း  သုံးသောင်းပေးခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးရေးတွေက အာရုစိုက်ထားကြပါတယ်။

တရာလိုရှေ့နေတွေဟာ ဒီအမှုနှင့်ပတ်သက်လို ထရမ့်ကို တရားစွဲဖို့သင့်မသင့် ချိန်ဆနေကြပါတယ်။

တကယ်လို့ မန်ဟန်တန်ဒိစတြိတ်ရှေ့နေရုံးက ထရမ့်ကို စွဲချင်တင်ခဲ့မယ်ဆိုရင် အသက် ၇၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်နယ်ထရမ့်ဟာ ရာဇဝတ်မှုနှင့် ပထမဆုံးတရားစွဲခံရတဲ့ အမေရိကန်သမ္မတဖြစ်လာတော့မှာပါ။

တကယ်လို မန်ဟန်တန်တရားသူကြီးက သူ့ကိုစွဲချင်တင်ခဲ့ရင် သူ့အမှုသည်အနေနှင့် အမှုကိုရင်ဆိုင်လိမ့်မယ်လို့ ထရမ့်ရှေ့နေက စီအင်န်ဘီစီရုပ်သံကိုပြောပါတယ်။

ထရမ့်က ဒင်နီယယ်နှင့် ဇာတ်လမ်းရှုပ်ခဲ့တယ်ဆိုတဲ့အပေါ်ငြင်းဆိုထားပါတယ်။

စာလုံးကြီးတွေနှင့်ရေးထားတဲ့ ပို့စ်မှာ ထရမ့်က “ အကျင့်ပျက်ခြားပြီးအကြီးအကျယ်နိုင်ငံရေးလုပ်စားနေတဲ့ မန်ဟန်တန်  ဒိစတြိတ်ရှေ့နေများရုံးဆီက တရားမဝင်ပေါက်ကြားလာမှု” လို့ရေးသားထားပါတယ်။

ဗုဒ္ဒဟူးနေ့တုန်းက ဒန်နီယယ်ဟာ အမှုစွဲရှေ့နေတွေနှင့်တွေ့ဆုံခဲ့ပြီး “လိုအပ်လာရင် သက်သေအဖြစ်ထွက်ဆိုပေးမယ်” လို့ ကတိပေးခဲ့တယ်လို့ သူမရဲ့ရှေ့နေ ချားလ်စ် ဘရူးစတားကပြောပါတယ်။

ဒီလစောစောပိုင်းတုန်းက ဒိစတြိတ်ရှေ့နေ အယ်ဗင်ဘရက်ရဲ့အဖွဲ့နှင့် ထရမ့်ကိုတွေ့ဖို့အခွင့်အရေးပေးခဲ့ပေမယ့် ထရမ့်က သူ့ကိုယ်သူ အပြစ်ရှိသလိုဝန်ခံတဲ့သဘောသက်ရောက်နိုင်လို့ ရှောင်ရှားခဲ့ပါတယ်။

ဒီလိုဖိတ်ခေါ်ခြင်းဟာ သူ့ကိုတရားစွဲတော့မယ်ဆိုတာ သေချာသလောက်ဆိုတဲ့သဘောပဲလို့ ကျွမ်းကျင်သူတွေက ပြောဆိုနေကြပါတယ်။

Source WION

#သူ့ကိုဖမ်းရင်ဆန္ဒပြကြဖို့ထရမ့်ပြော

#ဒေါ်နယ်ထရမ့်#စတုန်းမီဒန်နီယယ်လ်

#YangonMediaGroup