Published 30 January 2023

ပါကစ္စတန်ရဲဌာနချုပ်တစ်ခုအတွင်းမှာရှိတဲ့ ဗလီတစ်ခုအတွင်း  ဇန်နဝါရီ ၃၀ ရက် တနင်္လာနေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲအရာရှိများအပါအဝင် ၃၃ ဦးသေဆုံးပြီး ၁၅၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အကြမ်းဖက်မှုတွေမြင့်တက်နေတဲ့ အာဖဂန်နစ္စတန်နယ်စပ်အနီးက  ပက်ရှ်ဝါပြည်နယ်မြို့တော်မှာ တနင်္လာနေ့ မွန်းလွဲပိုင်းက ဝတ်ပြုဆုတောင်းပွဲလုပ်နေစဉ်အတွင်း အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုပြင်းအား ကြောင့် နံရံတစ်ခုလုံးနှင့် အမိုးအချို့ လွင့်စင်ပွင့်ထွက်ခဲ့ရပါတယ်။

“ အပျက်အစီးပုံတွေကြားထဲမှာ ရဲသားတွေအများကြီးရှိနေတယ်”လို့ ပက်ရှ်ဝါရဲချုပ် မူဟာမက် အိုင်ဂျက်ဇ်ခန်က ပြောပါတယ်။ အဲဒီ ဗလီထဲမှာ ပုံမှန်အားဖြင့် ရဲအရာရှိ ၃၀၀နှင့် ၄၀၀အကြား ဝတ်ပြုလေ့ရှိကြတယ်လို့လည်းသူက ပြောပါတယ်။

Source AFP

#Pakistan_mosque_blast

#Pakistan_sucide_bomb_blast_at_a_mosque

#Pakistan