Published 29 January 2023

အမေရိကန်လေတပ်မှ ကြယ်လေးပွင့်အဆင့်ဗိုလ်ချူပ်ကြီး မိုက်မီနီဟမ်က ဇန်နဝါရီ ၂၇ ရက်သောကြာနေ့က  သူ့လက်အောက်စစ်တိုင်းက အရာရှိတွေကို ပေးပို့တဲ့ ဌာနတွင်းဖြန့်ဝေစာထဲမှာ လာမယ့်(၂)နစ်အတွင်း အမေရိကန်ဟာ တရုတ်နှင့် စစ်ပွဲစစ်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ရေးသားလိုက်ပါတယ်။ထိုင်ဝမ်ကိစ္စကြောင့်ဖြစ်ဖို့များပြီး သူ့လူတွေကို ကြိုတင်ပြင်ဆင်ထားဖို့ သူက ပြောထားပါတယ်။

အဲဒီစာဟာ ဆိုရှယ်မီဒီယာပေါ် ပထမဆုံးတွေ့လာကြရတာဖြစ်ပြီး နောက်ပိုင်းမှာ ပင်တဂွန်က အဲဒီစာဟာ အမှန်ဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ အဲဒီစာထဲမှာ လေကြောင်းတပ်စုရုံးရေးစစ်တိုင်း တိုင်းမှူး မီလီဟန်က “ ကျွန်တော်မှားတာဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ဒါပေမယ့် ၂၀၂၅မှာ ကျွန်တော်တို့ တိုက်ကြရလိမ့်မယ်လို့ ကျွန်တော်စိတ်ထဲခံစားနေရတယ်” လို့ သူကပြောပါတယ်။

“အဓိကရည်မှန်းချက်က ဟန့်တားဖို့ဖြစ်ပြီး လိုအပ်လာရင်တော့ တိုက်ခိုက်ရလိမ့်မယ်” လို့ သူကပြောပါတယ်။ ဒီလိုပြောရတဲ့အကြောင်းရင်းကတော့ ထိုင်ဝမ်နှင့် အမေရိကန်နှစ်နိုင်ငံစလုံးဟာ ၂၀၂၄ မှာရွေးကောက်ပွဲရှိကြတဲ့အတွက် အမေရိကန်ဟာ ရွေးကောက်ပွဲကြောင့် အာရုံမစိုက်နိုင်တဲ့အချိန်မှာ အဲဒါဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်အတွက် အခွင့်အရေးတစ်ခုဖြစ်ပြီး တရုတ်ဟာ ထိုင်ဝမ်ထဲ ဝင်လိမ့်မှာကြောင့်ဖြစ်တယ်” လို့ သူကဆိုပါတယ်။

တရုတ်သမ္မတဟာ သူ့ရဲ့တတိယသမ္မတသက်တမ်းကို အသေအချာခိုင်အောင်လုပ်ထားပြီးနောက် သူဟာ ၂၀၂၂ အောက်တိုဘာမှာ စစ်(ပွဲ)ကောင်စီကိုဖွဲ့စည်းခဲ့တယ်လို့ အမေရိကန်လေတပ်ဗိုလ်ချူပ်ကြီးကပြောပါတယ်။

“ရှီရဲ့သက်တမ်း၊ အကြောင်းပြချက်နှင့် အခွင့်အလမ်းတွေဟာ ၂၀၂၅ကို ဦးတည်နေတယ်” လို့ သူကဖြည့်စွက် ပြောပါတယ်။ အမေရိကန်လေတပ်စုရုံးစစ်တိုင်းမှာ စစ်သည် ငါးသောင်းကျော်ရှိပြီး ပိုဆောင်ရေးနှင့် လောင်စာဆီ ဖြည့်တင်းရေးတာဝန်ယူတဲ့ လေယာဉ်အစီး ၅၀၀နီးပါးရှိနေပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကိုထိန်းချုပ်သိမ်းပိုက်ဖို့ သူ့အချိန်ဇယားကို အရှိန်မြှင့်တင်နေပုံရတယ်လို့ အမေရိကန်အရာရှိတော်တော်များများဟာ ပြီးခဲ့တဲ့လများအတွင်း ပြောဆိုခဲ့ပြီးနောက် ယခုလို ရုံးတွင်းဖြန့်စာပေါ်ပေါက်လာတာဖြစ်ပါတယ်။

Source WION

#China_US_War

#China_US_Politics