Published 29 January 2023

သမုဒ္ဒရာကြမ်းပြင်ဆိုတာ တကယ့်ကို နေဖို့မကောင်းလှတဲ့နေရာပါ။ မှောင်မည်းနေပြီး အေးစက်နေကာ ရေဖိအားတွေက ကြီးမားလေးလံလှတယ်။ ဒါပေမယ့် အဲဒီနေရာမှာ ရှိနေကြတဲ့ သတ္တဝါတွေကတော့ အံအားသင့်စဖွယ်ကောင်းလောက် အောင်ပြောင်းလဲနေတာကိုတွေ့ကြရပါတယ်။

“အဲဒီနေရာဟာ ဆရာကြီးတွေရဲ့နေရာ” လို့ ဆစ်ဒနီမြို့က ဩစတြေးလျပြတိုက်က ဇီဝမျိုးကွဲဆိုင်ရာ သုတေသနမှူး ယီကိုင်းတီးက ပြောပါတယ်။ “ ခင်ဗျားတို့ ရေအနက် မီတာ ၃၀၀၀မှာ မနေနိုင်ဘူး။ ပြီးတော့အဲဒီမှာ ကိုယ်လုပ်ချင်သလို လည်းမလုပ်နိုင်ကြဘူးမဟုတ်လား” လို့ သူကဖြည့်စွက်ပြောပါတယ်။ အဲဒီနေရာမှာ ရေသတ္တဝါမျိုးစုံဟာ လှည့်လည်ကျက်စားနေကြပြီး သူတို့ဟာ အံဩဖွယ်ရာ အကောင်တွေဖြစ်နေတတ်ကြပါတယ်။

ကိုင်းဟာ မကြာသေးခင်ကမှ RV Investigator လို့ခေါ်တဲ့ သုတေသနရေယာဉ်နှင့်အတူ စူးစမ်းရှာဖွေလေ့လာရေးခရီး ကပြန်ရောက်ခဲ့ပါတယ်။ အဲဒီရေယာဉ်ကို ဩစတြေလျအစိုးရ သိပ္ပံအေဂျင်စီ CSIRO ကပိုင်ဆိုင်ပြီး အိန္ဒိယသမုဒ္ဒရာထဲက ပင်လယ်တွင်းဥယျဉ်အသစ်ရဲ့ ပတ်ဝန်းကျင်တစ်လျောက် ပင်လယ်ရေနက်အောက်ကို စူးစမ်းလေ့လာနေတာဖြစ်ပါတယ်။  အဆိုပါအဖွဲ့ကို ဝိတိုရီယသုတေသနအင်စတီကျူပြတိုက်နှင့် သိပ္ပံပညာရှင်ဒါဇင်များစွာပါဝင်ခဲ့ကြပါတယ်၊ သူတို့ဟာ ကီလင်းကျွန်းစုများရဲ့ သမုဒ္ဒရာကြမ်းပြင်တွေကို လေ့လာပုံထုတ်ခဲ့ကြပါတယ်။ အဲဒီအခါ သူတို့ဟာ ထောင်ပေါင်းများစွာသော နမူနာတွေကို စုဆောင်းနိုင်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ ချစ်စရာကောင်းလှတဲ့ ပင်လယ်ရေနက် လင်းနို့ငါး batfish မှသည် ကြောက်စရာကောင်းတဲ့ ဆူးတောင်ကြီးတွေနှင့် လစ်ဇတ်ကင်းလိပ်ချောငါး lizardfish တို့နှင့် ပိန်ကပ်နေတဲနားရွက်တွေနှင့် assfish. တွေလည်းပါဝင်ပါတယ်။

စူးစမ်းလေ့လာရေးခရီးသိပ္ပံပညာရှင်အဖွဲ့အကြီးအကဲ တင်မ်အိုဟာရာက အဲဒီထဲက သုံးပုံတစ်ပုံခန့်ဟာ သိပ္ပံပညာအတွက် အသစ်တွေဖြစ်နေပြီး ပင်လက်ရေနက်ထဲမှာ ဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှု အံ့ဘွယ်တွေဖြစ်နေတယ်လို့ပြောပါတယ်။

ကိုင်းဟာ ခရီးနှင့်အတူ အံအားတစ်သင့်အဖြစ်ရဆုံး ပင်လယ်ရေနက်ငါးတွေကို ယူဆောင်ပြသခဲ့ပါတယ်။ သူတို့ဟာ အင်မတန်မှခက်ခဲတင်းကြပ်လှတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ ဘယ်လိုရှင်သန်နေထိုင်ကြတယ်ဆိုတာကိုပါ သူက ရှင်းပြခဲ့ပါတယ်။

“ ကျွန်တော်တို့ စိတ်လှုပ်ရှားစရာကောင်းလှတဲ့ အချို့သတ္တဝါတွေတွေ့ခဲ့ရပါတယ်။ ဥပမာအားဖြင့် ဗိုင်ပါငါး viper fish နှင့် ပီလီကန်ငါးရှဉ့် pelican eels နှင့် ထရိုင်ပေါ့ငါး tripod fishes တို့လိုမျိုးတွေပါ။” လို့ကိုင်းက ပြောပါတယ်။

“ အဲဒီရေသတ္တဝါတွေကိုကျွန်တော် ၁၀နှစ်သားကတည်းက အခြေခံကျကျသိခဲ့တာတွေပါ။ ဒါပေမယ့် အဲဒါတွေကို ကိုယ်တိုင်ကိုယ်ကျ ကိုယ့်မျက်စေ့နှင့်ကိုင်တွယ်ကြည့်ရှုရမယ်လို့မထင်ထားခဲ့ဘူး” လို့သူကပြောပါတယ်။

Source WION

#Scientists_discover_fantastical_Creatures_in_deep_sea

#Deep_Sea_Creatures

#Marine_Research