၁၈ ဖေဖော်ဝါရီ ၂၀၂၄

မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင်လည်း တရုတ်နိုင်ငံနှင့် တရုတ် လူမျိုးများအနေဖြင့် ဆက်လက်ပြီးကူညီဆောင်ရွက်ပေးပါရန် ဗိုလ်ချုပ်မှူးကြီး  မင်းအောင် လှိုင်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ၁၈ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်တဲ့ ၂၀၂၄ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ်ပြီး နှစ်သစ်ကူးဆုမွန်စကားပြောကြားရာမှာထည့်သွင်းပြောကြားခဲ့တာ ဖြစ်  ပါတယ်။

ထို့အပြင် တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်းပြီး နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လက်ရှိအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဟု ယုံကြည်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားတဲ့အကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။

ရှေးအစဉ်အဆက် နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီးစွာ တည်ဆောက်ခဲ့သည့် ငြိမ်းချမ်းစွာအတူ   ယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းပီသစွာ အပြန်အလှန်နားလည်မှုများနှင့် နေထိုင်ခဲ့ကြသဖြင့် ရံဖန်ရံခါ တွေ့ကြုံရသည့်ပဋိပက္ခအချို့ကို နှစ်နိုင်ငံအစိုးရနှင့် ပြည်သူတို့ငြိမ်းချမ်းစွာအဖြေရှာပြီး  ခိုင်မာသည့်ဆက်ဆံရေးကို ထိန်းသိမ်း တည်ဆောက်နိုင်ခဲ့ကြတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆို ပါတယ်။

တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်ပါက ခေတ်အဆက်ဆက်အိမ်နီးချင်းကောင်းဟူသည့်ဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်းဟူသည့် ခံယူချက်ဖြင့်ရပ်တည်ပေးခဲ့သည့်နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ပြည်တွင်းရေးရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာများတွင် မှန်ကန်သည့် လမ်းကြောင်းအတိုင်းရပ်တည်ပေး  လျက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်တရုတ်လူမျိုးတို့၏မိတ်ကောင်းဆွေမွန်ပီသမှုအတွက် အထူးပင်  ကျေးဇူးတင်ရှိတယ်လို့လည်း နစက ဥက္ကဋ္ဌက ပြောပါတယ်။

သံလွင်၊ မဲခေါင်မြစ်နှစ်စင်းမှ အစပြုပြီး သဘာဝတောတောင် ရေမြေများစွာထိစပ်နေသည့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ကောင်းမွန်သည့် ဆက်ဆံမှုများနှင့် တူညီသည့်ယဉ်ကျေးမှုများသည် ရေကိုသားသော်အကြား

မထင် သကဲ့သို့ ဘယ်သူဖျက်ဖျက် ပျက်စီးမသွားဘဲ ခိုင်မာစွာဖြစ်တည်လျက်ရှိနေမည်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက အခိုင်အမာပြောဆိုပါတယ်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai က ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကဏ္ဍအသီးသီး၌ အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသောကြောင့် ယုံကြည်မှုများနှင့် ချစ်

ကြည်ရင်းနှီးမှုများ ပိုမိုတိုးမြှင့်ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ နှစ်သစ်တွင်နှစ်နိုင်ငံနှင့် နှစ်နိုင်ငံရှိ ပြည်သူများအနေဖြင့် ငြိမ်းချမ်းခြင်း၊ ချစ်ခင်ခြင်း၊ အပြန်အလှန်လေးစားခြင်းတို့ဖြင့် ပြည့်ဝပြီး နှစ်နိုင်ငံအကျိုး  အတွက် ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်ခိုင်မြဲပါစေ

ကြောင်းနှင့် တရုတ်-မြန်မာ လူသားမျိုးနွယ်များ တိုးတက်မှုအတွက် အတူတကွကြိုးပမ်းသွားမယ်လို့ နှစ်သစ် ဆုတောင်းစကားပြောကြားခဲ့ပါတယ်။

အဲဒီနောက်ဗိုလ်ချုပ်မှူးကြီးနှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ တရုတ်ရိုးရာနှစ်သစ်

ကူး အထိမ်းအမှတ်ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

@ymg/knl