၁၉ အောက်တိုဘာ ၂၀၂၃

နိုင်ငံတကာငွေပေးချေမှု SWIFT စနစ်ထဲမှာ ယွမ်အသုံးပြုမှုအချိုးအစားဟာ သိသာစွာတိုးတက်လာပြီး ယူရိုငွေကိုကျော်ကာ ဒုတိယနေရာရောက်ရှိသွားတယ်လို့ သိရပါတယ်။ ယွမ်ရဲ့အချိုးအစား ဟာ ဩဂုတ်လမှာ ၄.၈၂ရာခိုင်နှုန်းရှိနေရာမှ စက်တင်ဘာ လမှာ ၅.၈ ရာခိုင်နှုန်းသို့ရောက်ရှိသွားတာဖြစ်ပါတယ်။ ဒီရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့ (၅)နှစ်အတွင်းအမြင့်ဆုံးဖြစ်ပါတယ်။

ယွမ်ဟာ ယူရိုကို ကျော်ဖြတ်ကာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ SWIFT ငွေပေးချေမှုစနစ်သုံးတဲ့နိုင်ငံတွေအကြားမှာ ပထမဆုံးအဖြစ် ဒုတိယနေရာရောက်ရှိသွားတာဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာကတော့ စုစုပေါင်းရဲ့ ၈၄.၁၅ ရာခိုင်နှုန်းနှင့်ပထမနေရာမှာပဲ ဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။ ဩဂုတ် လက ၈၃.၉၅ ရာခိုင်နှုန်းထက်နည်းနည်းလေးတက်လာပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာကစပြီး အမေရိကန်ဒေါ်လာဟာ ၈၅ ရာခိုင်နှုန်းအောက်ကနေပြန်မတက်တော့တာဖြစ်ပါတယ်။ ယခုလိုအမေရိကန်ဒေါ်လာအချိုးအစားကျဆင်းမှုမျိုး ၂၀၁၈ခုနှစ်  နောက်ပိုင်း တစ်ခါမျှဖြစ်ပေါ်ခဲ့ခြင်းမရှိပါဘူး။

တတိယနေရာကိုယူရိုက ၅.၄၃ ရာခိုင်နှုန်းနှင့်ကျဆင်းရောက်ရှိသွားပါတယ်။ ယူရိုဟာ ဩဂုတ်လက ၆.၄၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

ယူရိုနောက်မှာ ဂျပန်ယန်းငွေက ၁.၄ ရာခိုင်နှုန်း၊ ဆော်ဒီရိုင်ယယ်က ၀.၅၆ ရာခိုင်နှုန်းဖြင့် အဆင့် ၄နှင့် ၅ အသီးသီးနေရာရှိနေ ကြပါတယ်။

Source: forexmart