Published 24 May 2023

“၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ တိဘက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်” ကို မေလ ၂၃ ရက်နေ့တွင် ပေကျင်း၌ ကျင်းပခဲ့ရာ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ သမ္မတ “ရှီ “က ပြည်သူများ ပျော်ရွှင် ချမ်းမြေ့မှုသည် အကြီးမားဆုံး လူ့အခွင့်အရေးဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူများ ပျော်ရွှင်ချမ်းမြေ့မှု ကို အကောင်အထည်ဖော်ရန်အတွက် အဓိကကျကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ (၁၈) ကြိမ်မြောက် နိုင်ငံလုံး ဆိုင်ရာ ပါတီညီလာခံ ကျင်းပချိန်မှစ၍ ဗဟိုအစိုးရနှင့် ပြည်သူတစ်ရပ်လုံး၏ အင်တိုက်အားတိုက် ထောက်ခံမှု အောက်တွင် တိဘက်ရှိ ကေဒါနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အပတ်တကုတ် ကြိုးပမ်းမှုများနှင့် မလျှော့သောဇွဲဖြင့် အားထုတ်မှု များကြောင့် နှစ်ထောင်ချီကျရောက်နေခဲ့သော လုံးဝဆင်းရဲနွမ်းပါးမှုမှ တိဘက်ဒေသကို အပြီးတိုင် လွတ်မြောက် လာ စေခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

နိုင်ငံနှင့် ဒေသ ၃၆ ခုမှ တရုတ်နှင့် နိုင်ငံခြားဧည့်သည် ၁၅၀ ကျော်က  တိဘက် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေး အာမခံချက်ရှိရေး ခေါင်းစဉ်ဖြင့် အဲဒီဖိုရမ်မှာ ကူးလူးဖလှယ်ဆွေးနွေးခဲ့ကြပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှု လက်ဆင့်ကမ်းမှု၊ ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်မှု၊ လူ့အခွင့်အရေး အာမခံ ချက်ရှိမှုစသည့်ကဏ္ဍများ၌ တိဘက်တွင် ဖြစ်ထွန်းခဲ့သော တိုးတက်မှုအသစ်များကို အပြည့်အဝ အသိအမှတ်ပြုကြ  တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

#YangonMediaGroup

#တိဘက်ဖွံ့ဖြိုးရေးဖိုရမ်ကျင်းပ

#တရုတ်သမ္မတရှီကျင့်ဖျင်