Published 8 April 2023

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အရှေ့ပိုင်းတပ်ပေါင်းစုဌာနချုပ်ဟာ ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ တိုက်ပွဲအသင့် ကင်းလှည့်နှင့်စစ်ရေးလေ့ကျင့်ခန်းတွေကို ဧပြီလ(၈)ရက် စနေနေ့က စတင်လိုက်ကြတယ်လို့ အဆိုပါ စစ်ဌာနချုပ်ရဲ့ပြောရေးဆိုခွင့်ရသူ အကြီးတန်းဗိုလ်မှူးကြီး ရှီယီကပြောကြားပါတယ်။

ယခုစစ်ဆင်ရေးဟာ ထိုင်ဝမ်ခွဲထွက်သမားတွေနှင့် ပြင်ပအင်အားစုတွေရဲ့ ရန်စမှုအပေါ် အလေးအနက်သတိပေးမှု တစ်ရပ်  ဖြစ်တယ်၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာနှင့်ပိုင်နက်တည်တံခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့လုပ်ဆောင်မှု တစ်ခုဖြစ်တယ်လို့လည်း ရှီယီက ဆက်ပြောပါတယ်။

ယခုကင်းလှည့်နှင့် စစ်ရေးလေ့ကျင့်မှုတွေကို စနေမှ တနင်္လာနေ့အထိဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ထိုင်ဝမ်လွတ်လပ်ရေးခွဲထွက်သမားတွေရဲ့ မည်သို့သော လှုပ်ရှးဆောင်ရွက်မှုမျိုးကိုမှ ခွင့်ပြုမှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံရဲ့ထိုင်ဝမ်ရေးရာရုံးက အလေးပေးပြောဆိုအပြီး ယခုစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

ဒီမှတ်ချက်စကားဟာ ယခုအပတ်စောစောပိုင်းက ဆိုင်အင်ဝန်ရဲ့ အမေရိကန်ခရီးတစ်ထောက်ခရီးစဉ်ကို ရည်ညွှန်း  တုန့်ပြန်ခဲ့တာပါ။

Source CCTV Plus

 

#တရုတ်စစ်ရေးလေ့ကျင့်ခန်းထိုင်ဝမ်ပတ်လည်တွင်ပြုလုပ်

#တရုတ်_ထိုင်ဝမ်_အကျပ်အတည်း

#YangonMediaGroup