Published 27 Feb 2023

တရုတ်နိုင်ငံနေရာအစိတ်အပိုင်းတွေ အထူးသဖြင့် ပူနွေးလာတဲ့ တောင်ပိုင်းဒေသတွေမှာ  လှပတဲ့ ပန်းမျိုးစုံဟာ ဆောင်းကုန်လို့ နွေဦးရာသိရောက်လာချိန်မှာ အစွမ်းကုန်ဖူးပွင့်နေကြပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ်ရဲ့ ကူရှန်းစီရင်စုမှာ နွေဦးရာသီအတွက် ဇီးပင်တွေဖူးပွင့်နေကြပါတယ်။

ဖူဒါကျေးရွာမှာဆိုရင် ဟက်တာ၃၃၀ကျော်ရှိတဲ့ မြေနေရာအကျယ်ကြီးထဲမှာ ပန်းတွေလှပစွာဖူးပွင့်နေကြပါတယ်။

ကွမ်တုန်ပြည်နယ် ကွမ်ကျိုးမြို့က ဟိုင်းကျူးအမျိုးသားရေဝပ်ဥယျဉ်မှာ ပန်းရောင်ပန်းတွေဖူးပွင့်နေတာ အင်မတန်မှ လှပပြီးဆွဲဆောင်မှုရှိနေပါတယ်။

ဆီချွမ်းပြည်နယ် ကျန်အန်းစီရင်စုဦဇီကျန်းပြည်နယ်က ရှန်တောင်းဟူကျွန်းနှင့်အခြားကျွန်းတွေရဲ့ ကန်တွေမှာလည်း ချယ်ရီတွေလှပစွာပွင့်ဖူနေကြရာ ဧည့်သည်တွေအတွက် ရှုမငြီးစရာ ပန်းချီကားတစ်ချပ်ဖြစ်လို့နေပါတယ်။

Source: CCTV+

#တရုတ်နွေဦးရာသီ

#နွေဦးရာသီပန်းစုံဖူးပွင့်

#China_Spring_Flowers

#YangonMediaGroup