#Local_News
Published_7 January 2023

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသည့် သဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်များ၏ ဖွင့်လှစ်ချိန်ကို တစ်နာရီထပ်တိုးဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း CNG အရောင်းဆိုင်များမှ ကြေညာထားသည်။

 

ယခင်က CNG ဆိုင်တွေကို နေ့စဉ် မနက် ၅ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုအခါ အချိန်တစ်နာရီထပ်တိုးပြီး နေ့စဉ် ည ၁၀ နာရီထိ တိုးမြှင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် CNG သုံး ဘတ်စ်ကားလိုင်းများ၊ အငှားယာဉ်များ အဆင်ပြေစေရန်အတွက် ယခုလိုအချိန်တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်မှုကြောင့် CNG အရောင်းဆိုင်များတွင် ဂတ်စ်လုံလောက်စွာမရရှိသည့်အတွက် YBS ယာဉ်လိုင်းများသည် အချိန်ကြာမြင့်စွာ CNG ဂတ်စ်တန်းစီစောင့်ဆိုင်းနေရသည့်အတွက် ယာဉ်အစီးရေလျှော့ချပြေးဆွဲနေရသလို CNG တက္ကစီယာဉ်မောင်းများသည်လည်း အခက်အခဲများရှိနေကြောင်း သိရသည်။

 

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း CNG အရောင်းဆိုင် ၄၁ ဆိုင်ရှိသည့်အနက် အရောင်းဆိုင် ၄၀ ကို ဖွင့်လှစ်ကာ တစ်ရက်လျှင် CNG ကုဗပေ ၁၈ သန်းကျော် ရောင်းချပေးနေကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group