#Local_News
Published_7 January 2023

 

ရွှေဒင်္ဂါးပြားတစ်ကျပ်သားလျှင် ငွေကျပ် ၂၅ သိန်းနှုန်းဈေးဖြင့် ရောင်းချနေကြောင်း နစက၏ သတင်းများအရ သိရသည်။

 

၂၀၂၃ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သော (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်ကျပ်သား၊ငါးမူးသားရွှေဒင်္ဂါးများကိုဆင်ဖြူတော်ပုံဖြင့် အသစ်သွန်းလောင်းကာ ဇန်နဝါရီလ ၅ ရက်မှစတင်၍ ရန်ကုန်၊နေပြည်တော်နှင့် မန္တလေးတို့ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များတွင် ရောင်းချပေးနေခြင်းလည်း ဖြစ်သည်။

 

ယခင်က ပုံစံဟောင်းရွှေဒင်္ဂါးများကိုလည်း အဆိုပါ ဆင်ဖြူတော်ပုံဖြင့် အသစ်သွန်းလောင်းထားသည့် ရွှေဒင်္ဂါးပြား များနှင့် အတူရောင်းချပေးနေခြင်း ဖြစ်ကြောင်း၊ ဇန်နဝါရီလ ၅ ရက်ကမြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ ရွှေတစ်ကျပ်သား ပေါက်ဈေးမှာ ၂၅ သိန်းဖြစ်သောကြောင့် တစ်ကျပ်သားရွှေဒင်္ဂါးတစ်ပြား၏ တန်ဖိုးမှာ အလျော့တွက်လက်ခ အပါအဝင် ၂၅ သိန်း ၈ သောင်းကျပ်ဖြစ်ကြောင်း သိရသည်။

 

မည်သည့် ရွှေအလေးချိန်ရှိ ရွှေဒင်္ဂါးပြားများကို ဝယ်ယူစေကာမူ တစ်ကျပ်သားဈေးမှာ ၂၅ သိန်း ဖြစ်ပြီး အလျော့တွက်လက်ခများမှာ ကွာဟသွားကြောင်း၊ ငါးမူးသား ရွှေဒင်္ဂါးတစ်ပြားလျှင် အလျော့တွက်လက်ခ ၄၂၀၀၀ ကျပ် ၊တစ်မတ်သားရွှေဒင်္ဂါးတစ်ပြားလျှင် အလျော့တွက်လက်ခကျသင့်ငွေ ၂၂၀၀၀ ကျပ် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group