#LocalNews
Published_ 30 October 2022

 

ရန်ကုန်တိုင်း​အတွင်းရှိ ရွှေဆိုင်တွေအားလုံးကို အ​ခေါက်​ရွှေ တစ်ကျပ်သား ကျပ် (၂၅) သိန်း (၃) သောင်းနှင့် ​ရောင်းချ​ပေးရန် ရန်ကုန်ရွှေအသင်း (YGEA) မှ ယနေ့ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။

 

ပြည်တွင်းရွှေဈေးကွက်အတွင်း၌ ဝယ်လိုအားထက်ရောင်းလိုအားက ပိုများနေကြောင်း၊ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကောလဟာလတွေကြောင့် ရွှေဈေးနည်းငယ်တတ်ခဲ့သော်လည်း လက်ရှိတွင် ၂၆ သိန်းဝန်းကျင်ဖြင့် စျေးငြိမ်နေကြောင်း သိရသည်။

 

ပြီးခဲ့သည့် သီတင်းပတ်ပိုင်းတွင် ရန်ကုန်နှင့် မန္တလေးတွင်ရှိသည့် ရွှေလုပ်ငန်းရှင်အသင်းတွေက ရွှေစျေးနှုန်းတည်ငြိမ်စေရန်အတွက် ရွှေစင်ရွှေတုံးခဲများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ နေ့စဥ်ထုတ်ပြန်ပေးနေသည့် ရည်ညွှန်းဈေးမှာ ၁၉ သိန်းကျော်သာရှိပြီး ၎င်းသည် ကြမ်းခင်းဈေးကိုသာ သတ်မှတ်ပေးထားခြင်းဖြစ်ကာ ကြိုက်ရောင်းကြိုက်ဝယ်စျေးဖြင့် ရောင်းချခွင့်ပြုထားခြင်းဖြစ်သည်။

 

ယင်းအ​​ပြင် သတ်မှတ်ရည်ညွှန်းဈေးကိုလည်း တွက်ချက်ထုတ်ပြန်ရာတွင် ဗဟိုဘဏ်ကသတ်မှတ်ထားသည့် ဒေါ်လာဈေး​ဖြင့်သာ တွက်ချက်နေရကြောင်း သိရသည်။

 

#Ymg/STH
Yangon_Media_Group