#Local_News
Published_ 24 October 2022

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် ငွေကျပ် ၃၇၆၄ သိန်း တန်ဖိုးရှိ Ketamine နှင့် Happy Water စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

အောက်တိုဘာ၂၁ ရက် နေ့လယ် ၃ နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လှိုင်မြို့နယ်၊ (၇)ရပ်ကွက်ရှိ နိုင်လင်းအောင်(ခ)နိုင်လင်း(ခ)သီဟ နေထိုင်သည့် နေအိမ်တိုက်ခန်းအား ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေရာ ၎င်းနှင့်အတူ အိပ်ခန်းအတွင်းမှ Ketamine အလေးချိန် ၂ ဒသမ ၉၂ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၇၆ သိန်း)၊ အက်တက်စီဆေးပြား ၇၀၁၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၈၀၄ သိန်း)၊ စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်(Happy Water)အလေးချိန် ၂၈၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၄ သိန်း)၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

 

ထို့ကြောင့် နိုင်လင်းအောင်(ခ)နိုင်လင်း(ခ)သီဟ(၂၈)နှစ်အား လှိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ymg_mnn
#Yangon_Media_Group