Published 24 October 2022

အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးများက ကြာသပတေးနေ့မှာအထူးအစည်းအဝေးတစ်ရပ်ကျင်းပပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆွေးနွေးကြမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ ကျင်းပမှာဖြစ်ပြီး  မြန်မာ နစက နှင့် ဆွေးနွေးထားတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဘုံသဘောတူညီချက် အချက်ငါးချက်နှင့် ပတ်သက်လို့ အကောင်အထည်ဖော်မှုကိစ္စတွေကို ဆွေးနွေးကြမယ်လို့ လက်ရှိ အာဆီယဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ ချမ်ဆောင်ရီကပြောတဲ့အကြောင်း ဟောင်ကောင်အခြေစိုက် တောင်တရုတ်နံနက်ခင်း သတင်းစာမှာဖော်ပြထားပါတယ်။

လာမယ့်လမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လို့ရှေ့သို့ တွန်းမလဲဆိုတာနှင့်ပတ်သက်တဲ့ ထောက်ခံတင်ပြချက်တွေကို အစည်းအဝေးမှာ ဆွေးနွေးရှာဖွေကြမယ်လို့ သူက ပြောပါတယ်။

မလေးရှာနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖုဒင် အဘူဒူလာက ငြိမ်းချမ်းရေးဘုံသဘောတူညီချက်ဟာ သုံးလို့ရသေးသလာဆိုတာကို နိုဝင်ဘာနောက်ဆုံးထားပြီး အာဆီယံက ဆုံးဖြတ်ဖို့လိုတယ်လို့ ပြီးခဲ့တဲ့လက ပြောကြားထားတဲ့အကြောင်း သတင်းမှာရေးသားထားပါတယ်။

Source: SCMP/Reuters

#ASEAN_FM_Meeting

#Myanmar_Politics

#ASEAN_Myanmar