#LocalNews
Published_ 24 October 2022

 

ရခိုင်ပြည်နယ် စစ်တွေတွင် သုံးရက်ခန့်ကြာပျောက်ဆုံးနေသည့် စတုတ္ထတန်းကျောင်းသား သုံးဦးအနက် တစ်ဦးကို သေဆုံးလျက် ယနေ့ အောက်တိုဘာလ ၂၄ ရက် နံနက်က တွေ့ရှိခဲ့ကြောင်းသိရသည်။

 

အဆိုပါ သေဆုံးနေသည့် အလောင်းကို စစ်တွေမြို့နယ် ကျေးတောရွာမ ချောင်းအနီးတွေ့ရှိခဲ့ကြောင်း ၊ ချောင်းပေါ်တွင် မျှောကာ ရေပေါ်ပေါ်နေသည့် အဆိုပါကျောင်းသားမှာ ဘုမေရွာ စစ်တွေတက္ကသိုလ်လေးထပ်ဆောင်နေ မောင်ဇွဲဘုန်းခန့်ဖြစ်ကြောင်း၊အလောင်းကို ကျေးတောရွာမချောင်းထဲမှ ဆယ်ယူ၍ စစ်တွေဆေးရုံကြီးသို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းက သယ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

 

အသက်ဆယ်နှစ်အရွယ် စတုတ္တတန်းကျောင်းသား ၃ ဦးဖြစ်ကြသည့် ပြည်တော်သာရပ်ကွက်နေ မောင်ဟိန်းထက်ဝင်းနိုင်၊ မောင်အောင်လင်းသူ နှင့် ဘုမေ စစ်တွေတက္ကသိုလ် လေးထပ်ဆောင်နေ မောင်ဇွဲဘုန်းခန့်တို့ ၎င်းတို့နေအိမ်မှ ပြင်ပသို့ ကစားရန် ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းကပင် ထွက်ခွာကြပြီးနောက် ပျောက်ဆုံးနေကြခြင်းဖြစ်သည်။

 

လက်ရှိတွင် အခြားပျောက်ဆုံးနေသည့် ကျောင်းသားနှစ်ဦးကို ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group