#LocalNews
Published_24 October 2022

 

ယနေ့ (အောက်တိုဘာ ၂၄ ရက်) တွင်ကျရောက်သည့် '' ဒီပါဝလီနေ့ ''အတွက်ရည်ရွယ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)မှရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အခြေခံလူတန်းစားများဖြစ်သော တမီလ်ဟိန္ဒူ ဘာသာဝင်အိမ်ထောင်စုများ အထောက်အပံ့ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်များကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

 

အဆိုပါလှူဒါန်းမှုကို အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက်ထိပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သော ရန်ကင်း ၊အင်းစိန် ၊ခရမ်း၊ ဒလ၊ လှိုင်သာယာ၊ထန်းတပင်နှင့် ရွှေပြည်သာမြို့နယ်များအပါအဝင် မြို့နယ်စုစုပေါင်း ၁၅ မြို့နယ် ရှိ အခြေခံလူတန်းစားများဖြစ်သော အိမ်ထောင်စု ၂၅၀၀ အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၂ ပြည်၊ ဆီ ၁ လီတာတစ်ဗူး၊ ဂျုံ တစ်ပိသာ၊ ၊ကုလားပဲခြမ်း ၅၀ ကျပ်သား၊သကြား ၅၀ ကျပ်သားနှင့်ဆား ၅၀ ကျပ်သားတို့ကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)အနေဖြင့် နှစ်စဉ်ကျရောက်သည့် '' ဒီပါဝလီနေ့ ''မတိုင်မီတိုင်း တမီလ်ဟိန္ဒူ ဘာသာဝင်အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များကို အိမ်တိုင်ရာရောက် နှစ်စဉ်သွားရောက်လှူဒါန်းခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ကုသရေးဆေးရုံများနှင့် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများအတွက် ထမင်းဟင်းလျာများနှင့် အချိုပွဲများပါဝင်သော နေ့လည်စာနှင့်ညစာ ထမင်းဗူးများကို နေ့စဉ်ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

 

#ymg/sth
#Yangon_Media_Group