#LocalNews

Published _ 24 october 2022

 

သုဝဏ္ဏ-ဒဂုံတောင်ပိုင်းသို့ ဖြတ်သန်းသည့် အမှတ်(၂)ကမာကြည်တံတားပေါ်မှ အောက်တိုဘာ ၂၄ ရက် ယနေ့နံနက်ပိုင်းက အမျိုးသမီးငယ်တစ်ဦးခုန်ချသွားခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ သိရသည်။

 

မနက် ၉ နာရီကျော်ခန့်က အသက်၂၀ နှစ်ခန့်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ၎င်းတွင်ပါလာသည့် ပစ္စည်းများအား အမှတ်(၂) ကမာကြည်တံတား၏ လျှောက်လမ်းတွင်ချထားခဲ့ပြီးနောက် ရေထဲသို့ခုန်ချသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

"ရှာဖွေရေးလုပ်ဖို့အတွက် လူမှုကူညီရေးအသင်းတွေအတော်များများရောက်နေကြပါပြီ၊ လတ်တလောမြေပြင်အခြေအနေကိုတော့ မပြတ်စောင့်ကြည့်နေပါတယ်"ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေး တာဝန်ရှိသူက YMG ကိုပြောသည်။

 

"အမျိုးသမီးကိုင်ပိုက်ဆံအိတ်၊ ဖုန်း၊ ပိုက်ဆံတစ်ချို့၊ ဆွဲကြိုးနဲ့ လိပ်စာကဒ်တွေလည်း တံတားလျှောက်လမ်းမှာချထားခဲ့တာကိုတွေ့ရပါတယ်" ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

 

ယခုချိန်ထိ ကူညီကယ်ဆယ်ရေးတွေကို ပြုလုပ်နေကြပြီး မိုးရွာထားတဲ့အတွက် မြစ်ထဲရေစီးသန်နေတာကြောင့် ရှာဖွေကယ်ဆယ်ရေးအနည်းငယ်နှောင့်နှေးနေရကြောင်း နီးစပ်သူများမှတစ်ဆင့် သိရသည်။

 

Photo- သာကေတ လူမှုကူညီရေးအသင်း

 

#ymg/NN
#Yangon_Media_Group