#Local_News
Published_ 8 October 2022

 

တစ်ဦးလျှင် ရွှေ ၁၀ ကျပ်သားနှုန်းဖြင့် မီးလင်းရွှေ ၄ ပိဿာခွဲကို ဒီကနေ့ အောက်တိုဘာ ၈ ရက် နေ့လည် (၂) နာရီတွင် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းမှ သိရပါတယ်။

 

ရွှေဝယ်ယူသူများအနေဖြင့် မှတ်ပုံတင်နဲ့အတူ အိမ်ထောင်စုပါ တစ်ပါတည်းယူခဲ့ရမှာဖြစ်ပြီး ရွှေစျေးကိုနေ့လည် (၂) နာရီရောင်းချခါနီးတွင် ကြေညာသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၇ ရက်က ရွှေအသင်းမှ မီးလင်းရွှေတစ်ကျပ်သားကို ၂၅ သိန်း ၄ သောင်းကျပ်နှုန်းဖြင့် ရောင်းချခြင်းဖြစ်ပြီး ဝယ်ယူသူများပြား၍ ထပ်မံရောင်းချရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

မနေ့က ပြင်ပစျေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားကို ၂၅၉၀၀၀၀ ကျပ်မှ ၂၆၃၅၀၀၀ ကျပ် အထိအပိတ်ဈေး မြင့်တက်သွားခဲ့ပါတယ်။ဒီကနေ့ အောက်တိုဘာ (၈) ရက်တွင် ရောင်းချမယ့် ရွှေ ၄ ပိဿာခွဲကို အသင်းသားများမှလွဲ၍ မည်သူမဆို လွတ်လပ်စွာ လာရောက်၀ယ်ယူနိုင်ပြီး မနေ့က ဝယ်ယူရရှိပြီးသူများကို ထပ်မံရောင်းချပေးမှာမဟုတ်ဘဲ ဝယ်ယူသူများအနေဖြင့် အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်ယူခဲ့ရန် မန္တလေးရွှေအသင်းက အသိပေးကြေညာထားပါတယ်။

 

ygm_mnn
#Yangon_Media_Group